Healthy Life Ad
Life Style

ခွဲစိတ်ပြုပြင်စရာမလိုဘဲငယ်ရွယ်နုပျိုပြီးကြည့်ကောင်းစေရန်

ခွဲစိတ်ပြုပြင်စရာမလိုဘဲ အောက်ပါ နည်းလမ်းတွေကို နေ့စဉ် ပုံမှန်လိုက်နာပေးတာကြောင့် အသားအရေတင်းရင်းနုပျိုပြီးကြည့်ကောင်းစေပါသည်။

–  အင်တီအောက်ဆီးဒင့်ပါသော အစားအစာများကိုစားပါ

ဘယ်လိုအစာတွေကို စားသင့်တာလဲအင်တီအောက်ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲက တချို့မော်လီကျူးတွေနဲ့ ဓာတ်ပြုရာက ဖြစ်ပေါ်လာတတ်ပြီး ရောဂါဝေဒနာတွေ ခံစားရတတ်ပါတယ်။ရေအလုံအလောက်သောက်ပါ။

– ကျစ်လျစ်သန်စွမ်းအောင် လေ့ကျင့်ပါ

အားကစားခန်းမ မသွားဖြစ်ရင် ဘာလုပ်ရမလဲနှလုံးသွေးကြောသန်စွမ်းစေဖို့ အလေးမလေ့ကျင့်ခန်းနဲ့ အကြောဆန့်လေ့ကျင့်ခန်းတို့ကိုလုပ်ပါ။ အရွယ်တင်နုပျိုလှပစေပါတယ်။ တကယ်လို့ အားကစားခန်းမကို မသွားဖြစ်ရင်လမ်းလျှောက်ပါ၊ ရွရွပြေးပါ၊ စက်ဘီးစီးပါ။

– အိပ်ရေးဝ၀ အိပ်ပါ

ဘာကြောင့် အိပ်ရေးဝသင့်တာလဲအိပ်စက်နေချိန်မှာ ဘတ္တရီ အားသွင်းသလိုမျိုး ခန္ဓာကိုယ်က သူ့ကိုယ်သူ ပြန်လည်ပြုပြင်အားဖြည့်ပေးပါတယ်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီး လူတွေဟာ တစ်ညမှာ ၆-၈ နာရီခန့် အိပ်စက်ဖို့လိုပါတယ်။

– ပြင်းထန်သော နေရောင်ခြည်ကို ရှောင်ပါ

တစ်နှစ်လုံး နေကာခရင်မ်လိမ်းသင့်သလားနေပူရှိန်ပြင်းလွန်းတဲ့ နံနက် ၁၀ နာရီမှညနေ၃ နာရီကြားမှာ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။ခရမ်းလွန်ရောင်ခြည်က အရေပြားကို ထိခိုက်အိုမင်းစေနိုင်ပါတယ်။ နေကာခရင်မ်ပါတဲ့ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ်ကိုတနှစ်ပါတ်လုံးလိမ်းပါ။ တိမ်ထူထပ်နေရင်တောင် ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီအလင်းတန်းတွေက အရေပြားထဲ ထိုးဖောက်ဝင်ရောက်နိုင်ခြေရှိလို့ အမြဲတမ်း နေကာခရင်မ်လိမ်းပါ။

– အရေးကြောင်းနှင့် အိုမင်းမှုလက္ခဏာများကိုဖုံးအုပ်ပါ

ဘယ်လို အိုမင်းမှုတားမိတ်ကပ်မျိုးကို ရွေးချယ်သင့်သလဲတချို့သော ဖောင်ဒေးရှင်းမိတ်ကပ်၊ ပေါင်ဒါမှုန့်နဲ့ ကွန်ဆဲလ်လာတို့မှာ အိုမင်းမှုတားပစ္စည်းတွေ ထည့်သွင်းထားလေ့ ရှိပါတယ်။ အသက် ၃၀ကျော်လာတဲ့အခါ အိုမင်းမှုတား မိတ်ကပ်အလှကုန်ပစ္စည်းတွေကို ရွေးချယ်အသုံးပြုပါ။

(Ref;RD)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top