Healthy Life Ad
Q & A

A1c အဖြေအရ ဆီးချိုလား . . .

မေး ။ ။ ဆီးချိုစစ်တာ သွေးတွင်း သကြားဓာတ် မြင့်နေတယ်ဆိုတာနဲ့ ဆရာဝန်က ဆီးချို ဟုတ်၊ မဟုတ်သေချာအောင် A1c စစ်ခိုင်းပါတယ်။ A1c အဖြေက၆ ဒသမ၂ရှိပါတယ်တဲ့။ အဲဒါဆိုရင် ဆီးချိုရောဂါရှိနေပြီလား သိချင်လို့ပါခင်ဗျ။
ကိုနေ၊ ကျောက်ပန်းတောင်း။

ဒေါက်တာမြတ်ထွဋ်ညွန့် မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ သွေးထဲမှာ ရှိသင့်တဲ့ သကြားဓာတ်၊ ကာလတာရှည် လနဲ့ချီပြီးတက်နေသူတွေမှာ Haemoglobin A1c တက်နေလေ့ရှိပါတယ်၊။ ပုံမှန်လူတွေမှာ ၄ကနေ ၅ ဒသမ ၆ လောက်ပဲရှိပါတယ်။ ဆီးချိုသမားတွေမှာတော့ ၆ ဒသမ ၅ ထက် များတတ်ပါတယ်။၇ ထက်များရင်တော့ ဆီးချိုကောင်း၊ ကောင်း မထိန်းနိုင်တဲ့သဘောပါ။ ဆီးချိုရှိ၊ မရှိကို သွေးတွင်း ဆီးချိုဓာတ် ဘယ်လောက်ရှိလဲ စစ်ဆေးနိုင်ပါတယ်။အစာစားပြီး ၂ နာရီအကြာမှာ စစ်ကြည့်၊ နံနက် စောစော ဘာမှမစားခင် စစ်ကြည့်တာတွေ လုပ်သင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top