Healthy Life Ad
Q & A

အသည်းရောင် အသားဝါ ဘီပိုးနှင့် သံဓာတ် . . .

မေး ။ ။ ကျွန်တော်က အသည်းရောင်အသားဝါ ဘီပိုးရှိပါတယ်။ အသည်းသမားက သံဓာတ်နဲ့ မတည့်ဖူးလို့ကြားဖူးလို့ပါ။ သံဓာတ်မှာ Ferous Sulfate,Ferous Chloride စသဖြင့် တွေ့ရတော့ ဘယ်လိုဓာတ်နဲ့မတည့်တာလဲ သိချင်တာပါခင်ဗျ။

ဦးအံ့ကျော်၊ ပုဇွန်တောင်မြို့နယ်။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)

ဖြေ ။ ။ အသည်းရောင် အသားဝါ ဘီပိုးတော့ ရှိနေတယ်၊ဒါပေမဲ့ အသည်းရဲ့ လုပ်ငန်းဆောင်တာကလည်းကောင်းနေတယ်ဆိုရင် သံဓာတ်မများတဲ့အခါ ပြဿနာ မရှိပါဘူး။ Ferous Sulfate,Ferous Chloride စတဲ့ သံဓာတ်တွေကို တစ်နေ့ ငါးမီလီဂရမ်ပဲသောက်တယ်ဆိုရင် ရပါတယ။် အဲဒီ ပမာဏထက်ကျော်သွားရင် အသည်းက ရောင်နေတဲ့အတွက် အသည်းကမစစ်ထုတ်နိုင်တော့ပါဘူး၊ အဲဒီအတွက် ပြဿနာ ရှိတာဖြစ်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရှိတယ်ဆိုပေမယ့် အသည်းက ဘယ်လောက်ထိခိုက်နေပြီလဲ၊ အသည်းခြောက်နေပြီလား ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ဘီပိုးရှိတာ ကြာပြီဆိုပေမယ့် အသည်းရဲ့လုပ်ငန်းဆောင်တာတွေက ကောင်းနေတုန်းပဲဆိုရင် သံဓာတ်အနည်းအကျဉ်း စားတာပြဿနာမရှိပါဘူး။

သံဓာတ်မရအောင် ဟင်းနုနယ်ရွက်လည်းမစားဘူး၊ ကန်စွန်းရွက်လည်း မစားဘူး ဆိုတာမျိုးက မဖြစ်သင့်ပါဘူး။ စားတဲ့ ဆေးထဲမှာလည်း သံဓာတ်က ၅ မီလီဂရမ်ထက် မကျော်ဘူးဆိုရင် ပြဿနာ မရှိပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top