Healthy Life Ad
Life Style

ခေတ်စားနေသည့် မိတ်ကပ်ရေစီးကြောင်း . . .

၊ ငွေကြယ်စင်ယံ ၊

၂၀၁၆ ခုနစ်မှာ မိတ်ကပ် ခပ်ပါးပါး ပြင်တာမျိုး မဟုတ်တော့ဘဲ ထင်းနေအောင် ပြင်တဲ့ ပုံစံ ခေတ်စားနေပါတယ်။

– ဆီး(ဇီး)ရောင် နှုတ်ခမ်းနီ
အနီရဲရဲဆိုးတဲ့ခေတ်ကနေ ဆီး(ဇီး)ရောင်နှုတ်ခမ်းနီကို ပြောင်းဆိုးပြီး ပေါ်လွင်ထင်ရှားအောင် ပြင်ဆင်လာကြပါတယ်။ ဆီးရောင်နှုတ်ခမ်းနီက အသားဖြူသူတွေကို ထင်းနေစေပေမယ့် ပန်းသီးရောင် နှုတ်ခမ်းနီကတော့ အသားညိုသူတွေနဲ့ လိုက်ဖက်ပါတယ်။

– အိုင်းရှဲဒိုး အပြာရင့်
အပြာရင့်ရောင် အိုင်းရှဲဒိုးဟာ ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ဖက်ရှင်ရှိုးတွေမှာ ရေပန်းစားတဲ့ မိတ်ကပ်ပါ။ အပြာရင့်ရောင် အိုင်းရှဲဒိုးက ရဲရင့်တဲ့အရောင် ဖြစ်ပြီး မီးခိုးရောင်မျက်ဝန်းတွေအတွက် သင့်တော်ပါတယ်။

– မျက်တောင်ထူထူ
မက်စ်ကာရာ ခပ်ထူထူဆိုးတဲ့ အရင်ခေတ်ကို တစ်ပတ်ပြန်လည်သလိုပါပဲ။ အိုင်းလိုင်နာနဲ့ မက်စ် ကာရာကိုခပ်ထူထူဆိုးပြီး မည်းနက်ထင်ရှားတဲ့မျက် ဝန်းအလှကို ပေါ်လွင်အောင် လုပ်လိုက်တာပါ။

– တောက်ပသည့် အနီရောင် နှုတ်ခမ်းနီ
မျက်နှာမှာ မိတ်ကပ်အများကြီးလိမ်းမထားတဲ့ အခါ တောက်ပတဲ့ အနီရောင်နှုတ်ခမ်းနီ ဆိုးသင့်ပါတယ်။ ခရင်မ်လိမ်းတာက အသားအရေကို အထူကြီးမဖြစ်စေဘဲ အသားအရေညီညာချောမွေ့စေပါတယ်။ အဲဒီအချိန်မှာ နှုတ်ခမ်းနီအနီရဲရဲဆိုးပါ။

– မီးခိုးရောင် မျက်နက်ဝန်း
၂၀၁၆မှာ မီးခိုးရောင် မျက် နက်ဝန်းခြယ်သမှုက ရေပန်း စားလာပြီး လိမ္မော်ရောင်၊ အနီရောင်နဲ့ ပန်းရောင်အိုင်းရှဲဒိုး လိမ်းပေးသင့်ပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top