Healthy Life Ad
Q & A

ကလေး ၉လ ရှိတဲ့အထိ ရာသီသွေးပြန်မပေါ်သေးလို့ပါ . . .

မေး ။ ။ ဆရာရှင့်. . သမီး ပထမ ကလေးတုန်းက ၈ လဆိုရင် သွေးပြန်ပေါ်ပါပြီ။ အခု ဒုတိယကလေးက ၉လပါ။ သွေးမပေါ်သေးဘူး။ သမီးဘာလုပ်ရမလဲရှင့်။ပြောပြပေးပါနော်။

သြဂုတ်မေလေး(FB)

ဒေါက်တာမြတ်ထွဋ်ညွန့် မှဖြေကြားပေးခြင်းဖြစ်သည်။

ဖြေ ။ ။ ကလေးမွေးပြီး ပထမခြောက်လအတွင်း နေ့ရောညပါ မိခင်နို့တိုက်ကျွေးရင် သဘာဝနည်းအတိုင်းကလေးထပ်မရအောင် တားထားပေးနိုင်တဲ့ သဘောရှိပါတယ်။ ကလေးကိုနို့မတိုက်ဘဲ ဆယ့်နှစ်နာရီထက်ပိုကြာခဲ့ရင်၊ ကလေးမွေးပြီး ခြောက်လကျော်ခဲ့ပြီဆိုရင် ကလေးထပ်ရသွားနိုင်ပါတယ်။ နို့တိုက်မိခင်တွေ သောက်ရတဲ့ ပရိုဂျက်စတုန်းဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးမျိုးကို သောက်ထားဖို့ လိုပါတယ်။ ကလေးအသက် ၉ လအထိ သွေးပြန်မပေါ်သေးတာလည်း ဖြစ်နိုင်ပါတယ်။ မိခင်အသက်အရွယ်ကို သိဖို့လိုပါတယ်၊။ ကလေးဘယ်နှယောက်ရှိသလဲ၊ ကလေးထပ်လိုချင်သေးသလား၊ မလိုချင်တော့ဘူးလား စတာတွေကို စဉ်းစားပြီး သင့်တော်တဲ့သန္ဓေတားနည်းကို သုံးသင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top