Healthy Life Ad
Health Tips

အထီးကျန်တဲ့စိတ် ပပျောက်စေဖို့ဆိုရင် . . .

၊ ငွေကြယ်စင်ယံ ၊

အထီးကျန်မှုက လူတိုင်းအပေါ် သက်ရောက်မှု ရှိပါတယ်။ အထီးကျန်တာက ရုတ်တရက်ဖြစ်ပေါ်တဲ့ စိတ်ခံစားမှုဖြစ်တတ်သလို တစ်ခါတစ်ရံမှ ပေါ်ပေါက်လာတာမျိုးလည်း ရှိပါတယ်။ လူတွေနဲ့ အဆက်အဆံ ထိတွေ့မှု မရှိတာ၊ မပျော်ရွှင်တာနဲ့ ထုံထိုင်းတာစတဲ့ စိတ်ခံစားချက် ဖြစ်ပေါ်နိုင်ပါတယ်။ အထီးကျန်တာကြောင့် ဘဝရဲ့ ရုပ်ပိုင်းသာမက စိတ်ခံစားမှုပိုင်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထီးကျန်ဝေဒနာဖြစ်တဲ့ တချို့လူတွေအတွက်နည်းနည်းအနားယူပြီး အပန်းဖြေလိုက်ရင် သက်သာသွားတတ်ပေမယ့် တချို့ကျတော့ အကြာကြီးဝမ်းနည်းနာကျင်နေတတ်ပါတယ်။ အထီးကျန်တဲ့ စိတ်ကို မဖျောက်နိုင်ရင် အိပ်စက်တဲ့ ပုံစံ၊ ဘဝနေထိုင်စားသောက်မှုပုံစံ၊ ကျန်းမာရေးနဲ့ စိတ်ချမ်းသာမှုတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အရွယ်ရောက်သူ ၁၀-၂၀ ရာခိုင်နှုန်းက နာတာရှည် အထီးကျန်ဝေဒနာ ခံစားနေရတယ်လို့ လေ့လာသိရှိရပါတယ်။ အထီးကျန်တာက စိတ်ဓာတ်ကျတာထက် ပိုအဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်မျိုးပါ။ ဒါပေမဲ့ ကံကောင်းတာက အထီးကျန်တာက ကျော်လွှား မေ့ဖျောက်နိုင်ဖို့ ပိုလွယ်တာပါပဲ။

– စာအုပ် ဖတ်ပါ
စာအုပ်တွေက လူတွေအတွက် အကောင်းဆုံး မိတ်ဆွေပါပဲ။ စာဖတ်ဝါသနာပါပြီး စာအုပ်တွေနဲ့ ပျော်မွေ့တဲ့သူဟာ အထီးကျန်တဲ့ ဝေဒနာ ဖြစ်ဖို့ ခဲယဉ်းပါတယ်။

– စိတ်ပျော်ရွှင်စေမည့် အကျင့်များ ရှာဖွေလုပ်ဆောင်ပါ
အထီးကျန်ဝမ်းနည်းတဲ့အခါ သင့်စိတ်ပျော်စေမယ့် အကျင့်တွေကို ဆန်းစစ်လိုက်ပါ။ ကျန်းမာရေး နဲ့ ညီညွတ်ပြီး အများကို ထိခိုက်မှု မရှိစေတဲ့ အချက်တော့ ဖြစ်သင့်တာပေါ့။ သင်က ဂိမ်းဆော့ရတာ ဝါသနာပါတယ်ဆိုရင် ဂိမ်းကစားချိန် ခဏပေးပါ။

– အလုပ် လုပ်ပါ
အလုပ်တွေ လုပ်ပြီး လူတွေနဲ့ ထိတွေ့ဆက်ဆံတာက အထီးကျန်ဖို့ အချိန်မရှိအောင်ဖြစ်စေပြီး တက်ကြွသွက်လက်စေပါတယ်။ သင်ချစ်တဲ့သူတွေ နဲ့ အတူနေပြီး သင့်ခံစားချက်တွေကို မျှဝေပါ။ အထီး ကျန်ဖြစ်နေရင် မရှက်ပါနဲ့။ မိတ်ဆွေအပေါင်းအသင်း တွေကို ဖွင့်ပြောလိုက်ပါ။ သူတိုရဲ့ ချစ်ခင်ဂရုစိုက် ကြင်နာမှုဟာ သင့်အထီးကျန်တဲ့ ဝေဒနာကို သက်သာသွားစေမှာ ဖြစ်ပါတယ်။

– ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ပါ
ကိုယ့်ကိုယ်ကိုယ် မုန်းတီးတာနဲ့ စိတ်တိုဒေါသထွက်တာတို့ မဖြစ်ပါစေနဲ့။ အထီးကျန်တဲ့ စိတ်ဝေဒနာကို ရှောင်လွှဲနိုင်မယ့် အကောင်းဆုံးနည်းက ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ဖို့ပဲ ဖြစ်ပါတယ်။

– အာရုံစူးစိုက်မှုကို ပြောင်းလဲပါ
အထီးကျန်တဲ့ စိတ်ဝေဒနာကို ကျော်လွှားနိုင်ဖို့ အတွေးတွေကို ပြင်ဆင်လိုက်ပါ။ “ငါ့ကို ဘယ်သူက မှ သဘောမကျကြဘူး” ဆိုတာမျိုး၊ “သူက ငါ့ထက် တော်လို့ အဲဒီအလုပ် ရတာပေါ့”ဆိုတာမျိုး၊ “ငါက စိတ်ပျက်စရာကောင်းလို့ သူက ငါ့ကို ထားခဲ့တာပေါ့” ဆိုတာမျိုး ဘယ်တော့မှ မတွေးပါနဲ့။ သင့်အတွေးနဲ့ စိတ်ခံစားမှုကို ပြောင်းလဲလိုက်ပြီး အိမ်မှာ မှိုင်တွေမနေပါနဲ့။ လမ်းသွားပါ၊ လူတွေနဲ့ တွေ့ဆုံနှုတ်ဆက်ပါ၊ အရာရာကို အကောင်းဘက်က မြင်ပြီး ချစ်ခင်ကြည့် လိုက်ပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top