Healthy Life Ad
Health Tips

ကျန်းမာရေးစည်းမျဉ်းဟောင်းအစား ပြောင်းလဲကျင့်သုံးရတော့မည့် ကျန်းမာရေးစည်းမျဉ်းသစ်များ ကျန်းမာရေးစည်းမျဉ်းဟောင်း

၊ ငွေကြယ်စင်ယံ ၊

ကျန်းမာရေးစည်းမျဉ်းဟောင်း

– အလုပ်ပြီးချိန်မှာ ညစဉ်ညတိုင်း ဝိုင်တစ်ဖန်ခွက်သောက်ပါ။ ဒီလိုသောက်တာကြောင့် အချမ်းပြေပြီး နွေးထွေးကာသင့်အတွက် ကျန်းမာစေမှာပါ။

– ဖြစ်နိုင်ရင် အဆီများတဲ့ငါးကို များများသာ စားစမ်းပါ၊ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါလို့ နှလုံးကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

– L-carnitine အားဆေးကို ပြည့်ပြည့်ဝ၀မှီဝဲတာကြောင့် အားကစားခန်းမမှာ သင့်ကို ပိုသန်စွမ်းစေပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။

– ကိုလင်းအားဆေးမှီဝဲတာကြောင့် ဦးနှောက် လုပ်ငန်းဆောင်တာ ကောင်းပြီး နှလုံးကို ကာကွယ်ပေးနိုင်ပါတယ်။

ကျန်းမာရေးစည်းမျဉ်းသစ်

– ညဘက် အရက်သောက်တာကြောင့် အိပ်ပျော်နေစဉ် မကြာခဏအသက်ရှူရပ်လိုက်၊ ပြန်ရှူလိုက်ဖြစ်တဲ့ အခြေအနေကို ဖြစ်နှုန်းတိုးစေပြီး နှလုံးသွေးကြော လုပ်ငန်းဆောင်တာကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဝိုင်သောက်မယ့်အစား ကီဝီသီးနှစ်လုံးစားပေးတာက နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျစေပါတယ်။

– ပြဒါးအဆိပ်သင့်စေနိုင်တဲ့ အန္တရာယ်ရှိလို့ မက်ကရယ်ငါးနဲ့ တူနာငါးအစား ဆယ်လ်မွန်ငါးနဲ့ဆာဒင်းငါးတွေကို အစားထိုးစားပေးပါ။

– L-carnitine အားဆေးက သွေးတွင်းကိုလက်စထရောစုပုံမှုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် L-carnitine အစား လက်ဖက်စိမ်းလက်ဖက်ရည် သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ ကြွက်သားတွေအားရှိစေဖို့ အသား အနည်းငယ် စားပေးပါ။

– ကိုလင်းဓာတ်က ကိုလက်စထရောများစေတဲ့ ဓာတ်ဖြစ်လို့ ပူဒီနာဆီ(ပူစီနံဆီ)ကို သုံးပါ။ ပူဒီနာဆီ ဝ ဒသမ ၅ ml မှီဝဲရုံနဲ့ သက်လုံကို ၂၅ ရာခိုင်နှုန်း မြင့်တက်စေပါတယ်။

(Ref;FH)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top