Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူ လှုပ်ရှားလိုက်တိုင်းမောနေတယ် . . .

မေး။ ။ ဆီးချိုသွေးချိုရောဂါဖြစ်နေတာ ကျွန်တော့် မိခင်ပါခင်ဗျာ။ လှုပ်လှုပ်ရှားရှားလုပ်ရင် မောမောနေတယ် ခင်ဗျ။ ဘယ်လိုကြောင့် မောတာပါလဲ ခင်ဗျ။
ကိုကျော်လင်း (FB)

ပါမောက္ခဦးကိုကို (ဆီးချိုသွေးချိုရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ဆီးချိုသွေးချိုရောဂါရှိသူမောရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးပါပဲ။ နှလုံးသွေးကြော ကျဉ်းရောဂါကြောင့်လည်းမောတတ်ပါတယ်၊ ကျောက်ကပ်ရောဂါကြောင့်လည်း မောတတ်ပါတယ်၊ သွေးအားနည်းရင်လည်း မောတတ်ပါတယ်။ မောပြီဆိုရင် အဆုတ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေ ရှိ၊ မရှိ စစ်ကြည့်ပါတယ်၊ နှလုံးသွေးကြောကျဉ်းရောဂါ ရှိ၊ မရှိ ECG ရိုက်ကြည့်ပါတယ်၊ နောက်ပြီးတော့ ကျောက်ကပ်ကောင်း၊ မကောင်းစစ်ရပါတယ်၊ သွေးအားနည်းရောဂါ ရှိ၊ မရှိကိုလည်း စစ်ဆေးပါတယ်။ ဆီးချိုတက်ရင် နုံးတာတော့ အဖြစ်များပါတယ်၊ မောတာတော့ သိပ်မဖြစ်တတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top