Healthy Life Ad
Health Tips

လူအများဖြစ်နေကျ ပြဿနာတို့အတွက် အလွယ် လှည့်စားနည်းများ

– စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်နေသလား

သွားတွေကြားမှာ ခဲတံတစ်ချောင်း ထည့်ထားရင် စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ တင်းအားကို လျော့ကျ စေနိုင်ပါတယ်။ ခဲတံတွေကို မကိုက်ပါနဲ့၊ သွားတွေကြားထဲ ခဲတံထားရုံနဲ့ မေးရိုးကြွက်သားတွေကိုအနား ရစေပြီး ခေါင်းကိုက်တဲ့ ဝေဒနာသက်သာစေပါတယ်။

– အိပ်မပျော်ဘူးလား

တေးဂီတဆိုတာ အိပ်မပျော်တဲ့ အခြေအနေကို ကာကွယ်ပေးတဲ့ ကုထုံးပါ။ နေ့စဉ်နေ့တိုင်း တေးသီ ချင်းကို တစ်နာရီလောက် နားဆင်တာကြောင့် အိပ်မပျော်တဲ့ ဝေဒနာ ၇၅ရာခိုင်နှုန်း လျော့စေပါတယ်။

– ဗိုက်အောင့်နေသလား

ဗိုက်အောင့်ဝေဒနာ ကင်းစင်စေမယ့် အစာ တွေရှိပါတယ်။ အဲဒါတွေကတော့ ငှက်ပျောသီး၊ ချင်း(ဂျင်း)၊ ဒိန်ချဉ်၊ သင်္ဘောသီး၊ ထမင်းဖြူ၊ ကြက်ရိုးစွပ်ပြုတ် စတာတွေ ဖြစ်ပါတယ်။

– ကြွက်သား သန်စွမ်းလိုသလား

ကြွက်သားသန်စွမ်းတင်းရင်းစေမယ့်အကောင်းဆုံး အစာ ၁၀မျိုး ရှိပါတယ်။ အဲဒါတွေကတော့-

(၁) အဆီနည်း အမဲသား၊

(၂) အရေခွံမပါတဲ့ ကြက်သား၊

(၃) ဒိန်ခဲ၊

(၄) ဥအမျိုးမျိုး၊

(၅) တူနာငါး၊

(၆) အုတ်ဂျုံကွေကာ၊

(၇) သစ်သီးဝလံ၊

(၈) ဟင်းသီးဟင်းရွက်အမျိုးမျိုး၊

(၉) ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေ (ဥပမာ ဆန်လုံးညို၊ အညိုရောင် ပေါင်မုန့်)

(၁၀) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ။

– ကြွက်သား တင်းရင်းနေပါသလား

အိပ်ရာမဝင်ခင် ငါးမိနစ်လောက် အကြောဆန့် ပေးလိုက်ရင် သင့်ကြွက်သားတွေ ပိုပျော့ပျောင်းကာ အိပ်ရေးဝ၀ အိပ်မောကျစေပါတယ်။

– ကျန်းမာလန်းဆန်းလိုသလား

အချိန်နှစ်နာရီကြာတိုင်း ရေသောက်ပေးတာကြောင့် ကျန်းမာပြီး ရေဓာတ်ပြည့်ဝကာ လန်းဆန်းစေပါတယ်။

– အင်္ကျီချိုင်းချွေးကွက်အစွန်းကို ဖယ်ရှားလိုသလား

အင်္ကျီချိုင်းချွေးကွက်အစွန်းကို သံပရာရည်ဆွတ်ပေးပြီးမှ လျှော်လိုက်ပါ။ ချိုင်းချွေးကွက်အစွန်းတွေ ကင်းစင်သွားပါလိမ့်မယ်။

– လေ့လာရန် အကောင်းဆုံးအချိန်

ဦးနှောက်လုပ်ငန်းဆောင်တာ အကောင်းဆုံးအချိန်-
နံနက် ၄နာရီ- ၆နာရီ၊
ဦးနှောက်လုပ်ငန်းဆောင်တာ ၅၀ ရာခိုင်နှုန်းသာ ရှိ ချိန်- နံနက် ၆နာရီ- ၇နာရီခွဲ၊
ဦးနှောက်လုပ်ငန်းဆောင်တာ ၂၀ ရာခိုင်နှုန်းသာ ရှိ ချိန်- ညအချိန်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top