Healthy Life Ad
Q & A

ရာသီလာရင် ဘယ်လောက်များများ လာတတ်သလဲ . . .

မေး။ ။ ရာသီတစ်ကြိမ်လာရင် ဘယ်လောက်အထိများများ လာတတ်ပါသလဲ။
နေနေလွင်၊ မရမ်းကုန်း။

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

ဖြေ။ ။ တချို့က ၃ ရက်၊ တချို့က ၄ ရက်လာတတ်ပြီး ၃ ရက်နဲ့ ၇ရက်ကြားလာရင် ပုံမှန်ပဲလို့ ပြောကြပါတယ်။ သေချာသုတေသနပြုလုပ်ထားချက်အရ ရာသီတစ်ခါလာရင် ပုံမှန်က ၄၀ စီစီ (လက်ဖက်ရည်အကြမ်းပန်းကန် တစ်လုံးလောက်)လို့ ဆိုပါတယ်။ ရာသီများတယ်ဆိုရင် ၈၀ စီစီ (လက်ဖက်ရည် အကြမ်း ပန်းကန်နှစ်လုံးကျော်)လောက်ကို ဆိုလိုပါတယ်။ တကယ်တော့ ရာသီလာတာများတယ်၊ နည်းတယ်ဆိုတာ ကိုယ့်စိတ်အပေါ် မူတည်တာများပါတယ်။ အင်္ဂလန်မှာ ဆရာအလုပ်လုပ်ခဲ့စဉ်တုန်းက အဲဒီက အမျိုးသမီးတွေက ရာသီလာတာများတယ်ဆိုပြီး ညည်းကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နိုင်ငံက ရာသီဥတုက အေးတော့စိုနေတာ မကြိုက်ကြဘူး။ မြန်မာနိုင်ငံကတော့ တော်ရုံတန်ရုံရာသီလာတာလောက်ကတော့ မမှုပါဘူး။ ရာသီလာတယ်ဆိုတာ သွေးပုပ်တွေ ဆင်းတာ၊ များများဆင်းလေ ကောင်းလေဆိုတဲ့ အယူအဆတွေရှိနေတော့ များများဆင်းမှ သွေးပုပ်တွေစင်သွားတယ်လို့ ထင်တတ်ကြတော့ ရာသီများများလာတာကို သဘောကျတတ်ပါတယ်။ ဆေးရုံကို ရာသီများများ လာလို့လာပြရင် ပိုးဟပ်ဖြူလေးလို ဖျော့တော့ပြီးမှပဲ ရောက်လာကြတာ များပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top