Healthy Life Ad
Health Tips

ချာချာလည် မူးဝေတဲ့အခါ အမြန်ဆုံးသက်သာရာရစေဖို့ . . .

ချာချာလည် မူးဝေတဲ့အခါ အမြန်ဆုံးသက်သာရာရစေဖို့ . . .
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ချာချာလည် မူးဝေတဲ့အခါ ဘေးပတ်ဝန်းကျင်က ရှိရှိသမျှ အရာဝတ္ထုအားလုံးလည်နေသလို ခံစားရပါတယ်။ အဲဒီအချိန်မှာ အမြန်ဆုံးသက်သာရာရစေဖို့ အောက်ပါ အိမ်တွင်းကုထုံးတွေကို လိုက်နာပါ။

(၁) အိပ်စက်ပါ
လှဲလျောင်းအိပ်စက်တာကချာချာလည် မူးဝေတဲ့ဝေဒနာ အမြန်ဆုံး သက်သာစေမယ့် နည်းပါ။ ရုပ်ပိုင်းဆိုင်ရာ မသက်သာတဲ့ ဝေဒနာတွေအပြင် စိတ်ဓာတ်ကျတာ၊ကြောက်လန့်တာတွေလည်း သက်သာစေပါတယ်။

(၂) ယောဂကျင့်ပါ
ယောဂကျင့်တာကြောင့် ခန္ဓာကိုယ်ဟန်ချက်ကိုပိုကောင်းစေပါတယ်။ ယောဂကျင့်တာကြောင့် အာရုံစူးစိုက်မှုကောင်းစေပြီး သွေးလှည့်ပတ်မှု တိုးစေပါတယ်၊ဗဟိုအာရုံကြောစနစ်ကို သန်စွမ်းစေပါတယ်။ အသက်ရှူတဲ့ ကျင့်စဉ်ကို ကျင့်ပေးပါ။

(၃) သံပရိုသီး
သံပရိုသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ရေကျက်အေးတစ်ဖန်ခွက်ထဲ ထည့်ပါ။ပြီးရင် ဆားနဲ့ ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး ရောမွှေကာ သောက်လိုက်ပါ။

(၄) စတော်ဘယ်ရီသီး
ဒိန်ချဉ်ထဲ စတော်ဘယ်ရီသီးအနည်းငယ်ထည့်ကာ စားသုံးပေးရင် မူးဝေတာကို အမြန်ဆုံးသက်သာစေပါတယ်။

(၅) ရေ
မကြာခဏ မူးဝေတတ်ရင် နေ့စဉ်နေ့တိုင်း ရေ ၁၀ ဖန်ခွက်လောက်သောက်ပေးပါ။ ခန္ဓာကိုယ်ရေဓာတ် ပြည့်ဝစေပါတယ်။

(၆) ချင်း(ဂျင်း)
မူးဝေရင် ချင်း(ဂျင်း)အခွံနွှာပြီး အနည်းငယ် စားပေးပါ။ ချင်း(ဂျင်း)ဟာ ချာချာလည်မူးဝေလို့ဖြစ်တဲ့ ပျို့အန်ချင်စိတ်ကို သက်သာစေပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top