Healthy Life Ad
Health Tips

အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးခြင်း သက်သာစေမည့် နည်းလမ်းကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းအဆီဖုံးတာက အရက်ကြောင့်ဖြစ်တဲ့ ဝေဒနာနဲ့အရက်ကြောင့် မဟုတ်ဘဲဖြစ်တဲ့ ဝေဒနာဆိုပြီး နှစ်မျိုးရှိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ အရက်ကြောင့် အသည်းအဆီဖုံးသူတွေသာမက အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီ ဖုံးရောဂါရှိနေသူတွေလည်း အလွန်များပြားနေပါတယ်။ ဒါကြောင့် အရက်ကြောင့် မဟုတ်ဘဲ အသည်းအဆီဖုံးရောဂါ ရှိသူတွေ သက်သာစေဖို့ အောက်ပါနည်း လမ်းကောင်းတွေကို လိုက်နာသင့်ပါတယ်။

– ကိုယ်အလေးချိန်များနေရင် ကိုယ် အလေးချိန်လျှော့ချပါ။

– ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ။ အနည်းဆုံး တစ်နေ့မှာ နာရီဝက်လောက် လမ်းလျှောက်ပေးပါ။

– အဆီလျှော့စားပါ။ အချိုစာတွေကိုလည်း တတ်နိုင်သမျှလျှော့စားပါ။

– အရက်သောက်တတ်ရင် အရက်ဖြတ်ပါ။

– ဗီတာမင်စီနဲ့ ဗီတာမင်အီး ပါဝင်မှု များတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေကို စားပေးပါ။

– ဆန်လုံးညို၊ ခေါက်ဆွဲညို စတာတွေ စားပြီး ပေါင်မုန့်ဖြူ၊ ကိတ်မုန့်စတာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

– အဆီထုတ်ထားတဲ့ နွားနို့ သောက်ပါ။

– ထပ်ပြန်ကြော် အစာတွေ၊ ဆီနဲ့ တာရှည်ခံအောင် ကြော်ထားတဲ့ အစာ တွေရှောင်ပါ။

– ဝက်အူချောင်း၊ ဟော့ဒေါ့မုန့်၊ ဟမ်ဘာဂါ စတာတွေကို မစားသင့်ပါဘူး။

– အချိုရည်၊ ကော်ဖီ၊ အယ်ကိုဟောပါတဲ့ အရည်တွေ မသောက်သင့်ပါဘူး။

– ရေများများသောက်ပါ။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top