Healthy Life Ad
Health Tips

ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ခြေရှိသည့် အကြောင်းပြချက် ၁၀ ရပ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်နေကြပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်တတ်မှန်း သင်သိပြီး ဖြစ်မှာပါ။ ဒါ့အပြင် တခြားအကြောင်းပြချက်တွေကြောင့်လည်း ခေါင်းတစ် ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။

– သကြားပါတဲ့ အချိုရည်၊ ကဖင်းပါတဲ့ အချိုရည် သောက်လို့ပါ

သကြားပါတဲ့ အချိုရည်၊ ကဖင်းပါတဲ့ အချိုရည်နဲ့ အရက် စတာတွေက မသောက်သုံးသင့်တဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။ ဒီအရည်တွေက ရေဓာတ်ခမ်းခြောက်နိုင်ပြီး တာရှည်ခံပစ္စည်းတွေက ဦးနှောက်ထဲ သွေးစီးဆင်းမှုကို တိုးစေပါတယ်။ အဲဒီအရာက ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။

– အိပ်စက်တဲ့ပုံစံ ပြောင်းလဲသွားလို့ပါ

အိပ်ရေးပျက်တာနဲ့ အိပ်ချိန်များလွန်းတာတွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါထတာကို ပိုဆိုးစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါက ယာယီဝေဒနာဆိုရင် သင်အိပ်စက်တဲ့ ပုံစံကို ပြန်လည်ချိန်ညှိ ကြည့်သင့်ပါတယ်။

– လေဖြတ်နိုင်ခြေ ရှိလို့ပါ

ခေါင်းတစ်ခြမ်းကိုက်တာက ပုံမှန်မဟုတ်ဘဲ ပြင်းပြင်းထန်ထန်ဖြစ်နေရင် လေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အမြင်အာရုံ ပြဿနာရှိ တာနဲ့ လက်မောင်း၊ ခြေထောက်ထုံကျဉ်တာတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါလက္ခဏာလိုပဲ လေဖြတ်နိုင်ခြေရှိပါတယ်။

– စိတ်ဖိစီးမှုများနေလို့ပါ

အိမ် ဒါမှမဟုတ် လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှုများ တာကြောင့် ပြင်းထန်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဖြစ်စေပြီး နာကျင်ကိုက်ခဲတတ်ပါတယ်။ တရားထိုင်တာနဲ့ယောဂကျင့်တာကို ရှစ်ပတ်ကြာပြုလုပ်တဲ့ သူတွေက ပုံမှန်ဆေးကုမှု ခံယူသူတွေထက်တောင် ခေါင်းတစ်ခြမ်းကိုက်ရောဂါဖြစ်နှုန်းကို ပိုတိုစေနိုင်ပါတယ်။

– အလင်းရောင်နဲ့ အနံ့ကို ခံနိုင်ရည်မရှိလို့ပါ

ပြိုးပျက်တဲ့ အလင်းရောင်နဲ့ ပြင်းထန်တဲ့ အနံ့တွေက ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အလင်းရောင်ကိုခံနိုင်ရည်မရှိရင် နေကာမျက်မှန် တပ်သင့်ပါတယ်။ အနံ့အသက်ကြောင့် ခေါင်းကိုက်ရင် နှာခေါင်းစည်း အုပ်ထားပါ။

– နှလုံးပြဿနာရှိနေလို့ပါ

မကြာခဏ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသူတွေဟာ နှလုံးရောဂါထခြင်း (Heart Attack)နဲ့ နှ လုံးရောဂါတို့လို သွေးကြောပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ သွေးတိုးတာကို ထိန်းတာနဲ့ သွေးတွင်း ကိုလက်စထရောအဆင့် လျော့ကျအောင် လုပ်ဆောင်တာတွေကို လိုက်နာပေးရင် နှလုံးရောဂါဖြစ်နှုန်းကို လျော့ပါးစေပါတယ်။

– ရေဓာတ်ခမ်းခြောက်လို့ပါ

သင့်ခန္ဓာကိုယ်က ရေအများကြီး ဆုံးရှုံးတဲ့အခါ ခေါင်းတစ်ခြမ်းကိုက်စေနိုင်ပါတယ်။ တစ်နေ့မှာ ရေ နှစ်လီတာခွဲကနေ သုံးလီတာခွဲလောက် သောက်ပေးပါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါထနှုန်းကို လျော့ကျ စေပါတယ်။

– ဦးနှောက်အကျိတ်ရှိလို့ပါ

ခေါင်းတစ်ခြမ်းကိုက်ရောဂါဝေဒနာလက္ခဏာနဲ့ အတူ ပျို့ချင်အန်ချင်ဖြစ်တာ၊ အန်တာ၊ အားနည်းတာနဲ့ မှတ်သားနိုင်စွမ်း အပြောင်းအလဲဖြစ်တာတို့ တွဲဖြစ်ရင် ဦးနှောက်အကျိတ် ဒါမှမဟုတ် ဦးနှောက် ကင်ဆာဖြစ်နိုင်ခြေ များတတ်ပါတယ်။

– ရာသီဥတု မကောင်းလို့ပါ

ရာသီဥတုမကောင်းတာကြောင့် ခေါင်းတစ်ခြမ်း ကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာစတဲ့ ရာသီဥတုအပြောင်းအလဲဖြစ်တာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ဖြစ်နိုင်ခြေ ကို ၂၈ ရာခိုင်နှုန်း ပိုများစေပါတယ်။

– ကဖင်းဓာတ်ကို ရုတ်တရက် ဖြတ်လိုက်လို့ပါ

ကော်ဖီသောက်တာများတဲ့သူတွေမှာ ကော်ဖီကို ရုတ်တရက်ဖြတ်လိုက်တဲ့အခါ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။

(Ref; RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top