Healthy Life Ad
Health Tips

ခြင်အကိုက်ခံရခြင်း ကင်းဝေးစေမည့် အိမ်တွင်းနည်းများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မိုးတွင်းကာလမှာ ပေါက်ပွားနှုန်းမြင့်မားတဲ့ ခြင်အန္တရာယ်ကင်းဝေးစေဖို့နဲ့ ခြင်ကိုက်ဖုကြောင့်ဖြစ်တဲ့ အရေပြားဒဏ်ရာတွေ သက်သာစေဖို့ သဘာဝအိမ်တွင်းနည်းတွေကို ဖော်ပြလိုက်ပါတယ်။


– ကြက်သွန်ဖြူ
တောင်တက်ခရီးမသွားခင် ရက်အတော်များများမှာကတည်းက ကြက်သွန်ဖြူကို စတင်စားပေးပါ။ နေ့တိုင်း ကြက်သွန်ဖြူ တစ်မြွှာ ဒါမှမဟုတ် နှစ်မြွှာ စားပေးမယ်ဆိုရင် ချွေးထွက်တဲ့အခါ ကြက်သွန်ဖြူအနံ့ ထွက်ရှိနိုင်ပါတယ်။ အဲဒီအနံ့ဟာ အင်းဆက်ပိုးမွှားများစွာကို တွန်းလှန်ပေးနိုင်စွမ်းရှိပါတယ်။ ကြက်သွန်ဖြူစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့တော့ မမေ့ပါနဲ့။


– နို့မှုန့်
ခြင်အကိုက်ခံရလို့ ယားယံတဲ့အခါ ကုတ်ခြစ်ရာက အရေပြားအနာဖြစ်တတ်သလို နေဒဏ်ခံရလွန်းရင်လည်း အရေပြားမှာ နေလောင်ဒဏ်ရာ ရတတ်ပါတယ်။ အဲဒါတွေ သက်သာစေဖို့ နို့မှုန့်တစ်ဆ၊ ရေနှစ်ဆရောမွှေပြီး ဆားအနည်းငယ်ထည့်ပါ။ ပြီးရင် ခြင်အကိုက်ခံရတဲ့နေရာ ဒါမှမဟုတ် အရေပြားနေလောင်ဒဏ်ရာပေါ် သုတ်လိမ်းပေးပါ။ နို့မှုန့်ထဲက အင်ဇိုင်းတွေက အင်းဆိုက်အကိုက်ခံရတဲ့အဆိပ်ကို ဓာတ်ပြယ်စေပြီး နေလောင်ဒဏ်ရာကြောင့် နာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။


– ဆား
ခြင်အကိုက်ခံရတဲ့ ဝေဒနာသက်သာစေဖို့ ဆားရေထဲစိမ်လိုက်ပါ။ ပြီးရင် ဟင်းသီးဟင်းရွက်ဆီတစ်မျိုး သုတ်လိမ်းလိုက်ပါ။


– သံလွင်ဆီ
ခြင်ပေါက်ပွားမှုများတဲ့ရေကို ချိုးရတော့မယ်ဆိုရင် ခြင်အကိုက်မခံရအောင် သံလွင်ဆီအနည်းငယ်ကို ရေမျက်နှာပြင်ပေါ်လောင်းလိုက်ပါ။ ခြင်သားလောင်းတွေ ပေါက်ပွားချိန်မရှိစေဖို့ ရေကို တစ်ပတ်နှစ်ခါ အသစ်လဲပေးရပါမယ်။


– ကြက်သွန်နီ
သင့်အရေပြားပေါ်မှာ ကြက်သွန်နီသုတ်လိမ်းပေးတာကြောင့် ခြင်ပြေးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top