Healthy Life Ad
International

မိဘသုံးယောက်ရှိသည့် ကလေးကို တစ်နှစ်အတွင်း မွေးဖွားနိုင်တော့မည်ဟုဆို

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံ၊ နယူးကာဆယ်တက္ကသိုလ်က တီထွင်လိုက်တဲ့ မျိုးဆက်ပွားနည်းပညာအသစ်က ကလေးတွေမှာ မျိုးဗီဇဆိုင်ရာရောဂါတွေရနိုင်တဲ့ စုံတွဲတွေအတွက် ဦးတည်တယ်လို့သိရပါတယ်။ နည်းပညာသစ်ကြောင့် ကလေးမှာ မိဘသုံးဦး – အဖေ၊ အမေနဲ့ မျိုးဥလှူဒါန်းသူအမျိုးသမီးဆိုပြီး ရှိလာမယ်လို့ဆိုပါတယ်။ သားဥတွေနဲ့ သန္ဓေသားလောင်းတွေကို ဓာတ်ခွဲခန်းစမ်းသပ်မှု ဆယ်စုနှစ်တစ်ခုကျော်ကြာပြုလုပ်ခဲ့ပြီးနောက် သူတို့ဟာ အမျိုးသမီးတွေမှာ လက်တွေ့ကုသပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အစာကနေ စွမ်းအင်ပြောင်းလဲပေးတဲ့ ဆဲလ်အတွင်းမှ ဝက်အူချောင်းပုံစံ mitochondria တွေရဲ့ ချို့ယွင်းမှုကြောင့် ဗြိတိန်မှာ ကလေး ၆၅၀ဝမှာ ၁ဦးဟာ အပြင်းအထန်နာမကျန်းဖြစ်နေပြီး မျိုးဗီဇဆိုင်ရာရောဂါ ၅၀ ကိုဖြစ်ပွားစေကာ အများစုဟာ မွေးကင်းစမှာ အသက်သေဆုံးနေကြရပါတယ်။ ပျက်စီးနေတဲ့ mitochondria တွေရှိတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ပျက်ကျမှု အကြိမ်ကြိမ်ဖြစ်ပေါ်လေ့ရှိပြီး ကလေးမရနိုင် တဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။ မိခင်လောင်းရဲ့ ချို့ယွင်းချက်ရှိတဲ့ mitochondria တွေကို တခြားအမျိုးသမီးတစ်ယောက် လှူဒါန်းတဲ့ မျိုးဥမှ အပြစ်အနာအဆာကင်းတဲ့ mitochondria တွေနဲ့ သိပ္ပံပညာရှင်တွေက အစားထိုးပေးမယ်လို့ သိရပါတယ်။ ဒီနည်းလမ်းကြောင့် မျိုးဗီဇအားဖြင့်လည်း ကလေးဟာ အမေ၊ အဖေရဲ့ကိုယ်ပိုင်ဖြစ်လာမယ်လို့လည်း သိရပါတယ်။

လူသားမျိုးပွားမှုနဲ့ သားလောင်းဗေဒဆိုင်ရာ အုပ်ချုပ်သူအဖွဲ့က ဒီနည်းပညာသစ်ဟာ လူတွေမှာစမ်းသပ်ဖို့ လုံခြုံမှုရှိ၊ မရှိ မကြာခင်မှာ ဆုံးဖြတ်ပေးသွားမယ်လို့သိရပါတယ်။ ခွင့်ပြုချက်ရခဲ့ရင် နောက်နှစ်အကုန်မှာ ဒီနည်းနဲ့ ပထမဆုံးကလေးကိုမွေးဖွားဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပြီး တစ်နှစ် အမျိုးသမီး ၁၅၀ခန့် အကျိုးကျေးဇူးရရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Most Popular

Healthy Life Ad
To Top