Healthy Life Ad
Life Style

ကလေးမွေးပြီး လုပ်ငန်းခွင်သို့ ပြန်ဝင်မည်ဆိုလျှင်

————-၊ ငွေကြယ်စင်ယံ ၊————-

အမျိုးသမီးအများစုဟာ ကလေးမွေးပြီးချိန်မှာ လုပ်ငန်းခွင်ကို ပြန်ဝင်တတ်ကြပါတယ်။ အမျိုးသမီးထက်ဝက်နီးပါးဟာ ကလေးတွေ မူကြိုကျောင်းမပို့ခင်မှာကို လုပ်ငန်းခွင်ကို ပြန်ဝင်တတ်ကြပါတယ်။ အဲဒီအချိန်မှာ သင်နဲ့ သင့်မိသားစု အဆင်ပြေပြေ လှုပ်ရှားနိုင်စေဖို့ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေ ရှိပါတယ်။

နို့ချိုတိုက်ကျွေးခြင်း

သင့်အနေနဲ့ သင့်ကလေးကို မိခင်နို့ချိုတိုက်ကျွေးနေတုန်းဆိုရင် သင်အလုပ်ကို မသွားခင်မှာ မိခင်နို့ချိုကို ညှစ်ထားခဲ့ပြီး နို့ဘူးထဲမှာထည့်ကာ သိုလှောင်ထားခဲ့နိုင်ပါတယ်။ အဲဒီနည်းလမ်းအတွက် ကျန်းမာရေးဝန်ထမ်းတွေကို မေးမြန်းကာ လိုက်နာဆောင်ရွက်ပေးနိုင်ပါတယ်။

ကလေးစောင့်ရှောက်မှု

ကလေးတစ်ယောက်ကို ဘေးအန္တရာယ်ကင်းပြီး ကျန်းမာနေအောင် ထိန်းသိမ်းစောင့်ရှောက်မှုပေးရတာက တကယ်မလွယ်ပါဘူး။ သင့်ကလေးအတွက် တကယ်စိတ်ချရတဲ့ ကလေးထိန်းပေးမယ့်သူ တစ်ဦးရှိမှသာ သင့်အနေနဲ့ စိတ်ဖိစီးမှုကင်းကင်းနဲ့ အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်မှာ ဖြစ်ပါတယ်။

အိမ်အလုပ်

သင်အလုပ်သွားမယ်ဆိုရင် သင်တို့အိမ်ရဲ့ အလုပ်တွေကို ဘယ်သူကလုပ်ကိုင်မှာလဲဆိုတာ ထည့်သွင်းစဉ်းစားပါ။ သင်နဲ့ သင့်ခင်ပွန်း နှစ်ယောက်အတူ ဝေမျှလုပ်ကိုင်မယ်ဆိုရင် အလုပ်တာဝန်တွေကို သီးသန့်စီခွဲဝေပြီး လုပ်ဆောင်ပါ။

ကလေးအတွက် အချိန်

ကလေးကို ကလေးထိန်းနဲ့ထားတာ၊ နေ့ကလေးထိန်းကျောင်းပို့တာ ဘယ်လောက်ပဲ ငွေကုန်ကြေးကျခံပြီးလုပ်လုပ် မိဘကအချိန်ပေးပြီး စောင့်ရှောက်တာကိုတော့ အစားမထိုးနိုင်ပါဘူး။ ဒီတော့ သင်က ကလေးတွေအတွက် အချိန်ပေးပြီး စောင့်ရှောက်မှုပေးတာဟာ ကလေးတွေအတွက် အထူးအခွင့်အရေးတစ်ရပ်လို ဖြစ်နေမှာပါ။ အဲဒီအချိန်တွေမှာ သင့်ရုံးကအလုပ်တွေကို မလုပ်ပါနဲ့။ ကလေးတွေနဲ့အတူ နေထိုင်ရင်း ကလေးတွေနဲ့အတူ ဆော့ကစားတာ၊ ကလေးတွေကို စာသင်ပြတာတွေကို လုပ်ဆောင်ပေးပါ။

အလုပ်နှင့် မိသားစုဘဝ ဟန်ချက်ညီမျှမှု

သားသမီးတွေ မွေးထားတဲ့အခါမှာ ကလေးတွေကျောင်းအပ်ရာမှာ၊ ကလေးတွေရဲ့ ဆရာမနဲ့ တွေ့ဆုံရာမှာ ပျက်ကွက်နေပြီး အလုပ်ထဲမှာချည်း အာရုံရောက်ကာ လုပ်ဆောင်နေတာမျိုး မဖြစ်ပါစေနဲ့။ လုပ်ငန်းခွင်ထဲမှာ တိုးတက်အောင်မြင်ပြီး မိသားစုဘဝက နောက်ကျကျန်ရစ်ခဲ့ရင်လည်း ကလေးတွေအနေနဲ့ စိတ်ထိခိုက်ရတတ်လို့ပါပဲ။

Most Popular

Healthy Life Ad
To Top