Healthy Life Ad
Health Tips

အိမ်မှာနေရင်း လှသထက်ပိုလှလာစေဖို့ . . .

၊ လရိပ်မေ ၊

အိမ်မှာနေရတဲ့အချိန်တွေမှာ အရင်ထက်ပိုမိုလှပကြည့် ကောင်းနေအောင် လုပ်ဆောင်နိုင်တဲ့ အလွယ်နည်းတွေကို လက်တို့ပါရစေ။

– ဆံပင်တောက်ပြောင်သန်စွမ်းစေဖို့ . . .


လက်ဖက်စိမ်းကို သုံးပါ
လက်ဖက်စိမ်း (Green Tea) မှာ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့အတွက် ဆံပင်မကျွတ်အောင် ကာကွယ်ပေးပြီး ဆံပင်သန်စွမ်းတောက်ပြောင်စေပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည် တစ်ခွက်ကို နှပ်ထားပြီး ဝါဂွမ်းလုံးလေး နှစ် စိမ်ကာ ဦးရေပြားပေါ်သုတ်လိမ်းပေးပါ။ အချိန် အနည်းငယ်ကြာမှ ခေါင်းလျှော်လိုက်ရမှာ ဖြစ်ပါတယ်။

– မျက်ခုံးမွေး ထူထဲနက်မှောင်စေဖို့ . . .


သံလွင်ဆီကို သုံးပါ
သံလွင်ဆီကို ယူပြီး မျက်ခုံးမွေးပေါ် သုတ်လိမ်းကာ နှိပ်နယ်ပေးရင် မျက်ခုံးမွေး သန်စွမ်းစေပါတယ်။

– မျက်ခွံဖောင်းအစ်မှု လျော့ကျစေဖို့ . . .


နွားနို့အေးကို သုံးပါ
နွားနို့အေးထဲ ဝါဂွမ်းစ နှစ်ပြီး ဝါဂွမ်းစကို ပြားအောင် လုပ်ကာ မျက်ခွံပေါ် အုပ်ထားလိုက်ပါ။ ၁၅ မိနစ်လောက် ထားပေးရင် မျက်ခွံဖောင်းအစ်တာ သက်သာစေပါတယ်။

– အသားဖြူစေဖို့ . . .


ဆော်ဒါမှုန့်ကို သုံးပါ
ဆော်ဒါမှုန့်ကို သံပရိုသီးအရည် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ရောမွှေပြီး အုန်းဆီ အနည်းငယ်ထည့်ပါ။ ပြီးရင် မျက် နှာတစ်ပြင်လုံး သုတ်လိမ်းကာ ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ရမှာ ဖြစ်ပါတယ်။

– မျက်ကွင်းညိုတာ သက်သာစေဖို့ . . .

ပူဒီနာ (ပူစီနံ)ရွက်ကို သုံးပါ
ပူစီနံရွက်ကို ရေစင်အောင်ဆေးပြီး မျက်လုံးပေါ် ကပ်ပေးပါ။ ပူစီနံရွက်ဟာ အေးမြပြီး သွေးလှည့်ပတ်မှု ကောင်း စေတဲ့အတွက် မျက်ကွင်းညိုတာကို သက်သာလျော့ပါးစေပါတယ်။

– မျက်တောင်ထူထဲလှပစေဖို့ . . .


ပေါင်ဒါမှုန့်ကို သုံးပါ
မျက်တောင်ပေါ်ကို အိုင်းဘရပ်ရှ်နဲ့ ပေါင်ဒါမှုန့် အနည်းငယ်ယူပြီး တို့ပေးပါ။ ပြီးမှ မက်စ်ကာရာ နှစ်ထပ်လောက် ဆိုးပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top