Healthy Life Ad
Health Tips

သွယ်လျလှပသည့် ခန္ဓာကိုယ်အလှ ပိုင်ဆိုင်စေဖို့ . . .

၊ လရိပ်မေ ၊


(၁) အစာမစားမီ ရေသောက်ပါ
နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေ မစားခင် ရေများများသောက်ပါ။ ရေသောက်တာကြောင့် သင့်ကို ကြာကြာ ဗိုက်ပြည့်စေပါတယ်။


(၂) ပရိုတင်းဓာတ် ပါဝင်မှုများသည့် နံနက်စာ စားပါ
ကြက်ဥ၊ ဘဲဥအပါအဝင် ပရိုတင်းဓာတ် ပါဝင်မှု မြင့်မားတဲ့ နံနက်စာကို စားပေးပါ။ ကြက်ဥ၊ ဘဲဥစားတာကြောင့် သင့်ကို အချိန်ကြာတဲ့အထိ ဗိုက်ပြည့်စေပြီး ကြွက်သားသန်စွမ်းစေပါတယ်။


(၃) ကော်ဖီအနည်းငယ် သောက်ပါ
သကြား၊ နို့ဆီလျှော့ထည့်ထားတဲ့ ကော်ဖီအနည်းငယ်သောက်တာကြောင့် ခန္ဓာကိုယ်ရဲ့ဇီဝကမ္မ ဖြစ်စဉ်ကို အားကောင်းစေပြီး နေ့စဉ်နေ့တိုင်းကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေပါတယ်။


(၄) အခွံချွတ်ထားသည့် ကာဗိုဟိုက်ဒရိတ်ကို ရှောင်ပါ
အချွံချွတ်ထားတဲ့ ကာဗိုဟိုက်ဒရိတ်(ပေါင်မုန့် ဖြူ၊ ထမင်းဖြူ) စတာတွေကို ရှောင်ပြီး အညိုရောင် ပေါင်မုန့်၊ ဆန်လုံးညို စတာတွေကို ရွေးချယ်စားပါ။


(၅) သကြား ထပ်မထည့်ရ
စားနေကျအစာ(ဥပမာ-သရေစာ)ထဲ သကြား ထပ်မထည့်ပါနဲ့။ သကြားထပ်ထည့်ပြီး စားတဲ့ အကျင့်ဟာ အဝလွန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။


(၆) အလေးမပါ
အလေးမ လေ့ကျင့်ခန်းလုပ်တာကြောင့် ကြွက်သားတွေကို အားကောင်းစေပြီး အဆီပိုတွေကိုဆုံးရှုံးစေပါတယ်။


(၇) ပန်းကန်သေးကို ရွေးပါ
အစားအသောက်ကို ပန်းကန်သေးထဲ ထည့်စားပြီး ဖြည်းဖြည်းချင်းစားပါ။ အစာကို အချိန်ယူပြီး ဖြည်းဖြည်းချင်းစားတာကြောင့် ဦးနှောက်ဆီကို ဗိုက်ပြည့်ကြောင်း အချက်ပြသင်္ကေတ ရောက်ရှိစေပါတယ်။


(၈) အစပ်စာ စားပါ
ဟင်းခတ်အမွှေးအကြိုင်ထည့်ထားတဲ့ အစာတွေကိုစားသုံးတာကြောင့် ကြာကြာ ဗိုက်ပြည့်စေပါတယ်။ စပ်တဲ့အတွက် ရေကိုလည်း ပိုသောက်ဖြစ်တာကြောင့် ဗိုက်ပြည့်တဲ့ ခံစားချက် ဖြစ်ပေါ်စေပါတယ်။

(Ref; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top