Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ချိန် ဘာတွေ သိထားသင့်သလဲ

– ကိုယ်လက်လှုပ်ရှားမှု

တစ်နေ့ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးပါ။

– အစာမျိုးစုံ

အစာကိုမျိုးစုံစားပေးပါ။ အစာကို အမျိုးမျိုး စားပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စွမ်းအင်နဲ့အာဟာရလိုအပ်ချက်ကို ပြည့်မီစေပါတယ်။

– ဗီတာမင်နှင့် သတ္တုဓာတ်အားဆေး

သံဓာတ်က သွေးအားနည်းရောဂါမဖြစ် အောင်ကာကွယ်ပါတယ်၊ ဖောလစ်အက်ဆစ်က သန္ဓေသား မွေးရာပါချို့ယွင်းချက် မပါအောင် ကာကွယ်ပေးပါတယ်၊ ကိုလင်းဓာတ်က သန္ဓေသား ဦးနှောက်ဖွံ့ဖြိုးမှု ပြဿနာမဖြစ်အောင် စောင့်ရှောက်ပေးပါတယ်၊ အိုင်အိုဒင်းဓာတ်က သန္ဓေသားဦးနှောက်ကြီးထွားအောင် ကူညီပါတယ်၊ ကယ်လ်ဆီယမ်က သန္ဓေသားအရိုးသန်စွမ်းအောင် ကူညီပါတယ်။

– အရက်နှင့် အန္တရာယ်ရှိသော ဓာတ်များ

ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်ရင် သန္ဓေသားမှာ ဦးနှောက်ချို့ယွင်းမှုနဲ့ အပြုအမူ ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်တတ်ပါတယ်။ ကဖင်းနဲ့ စွမ်းအင်ဖြည့်အချိုရည်တွေကိုလည်း ရှောင်ရပါမယ်။

– ဘေးကင်းသော အစာ

ကိုယ်ဝန်ဆောင်ချိန်မှာ အစာအဆိပ်သင့်တာမဖြစ်စေဖို့ သေချာကျက်အောင်ချက်ပြုတ် ထားတဲ့အစာတွေကိုစားရပါမယ်။ ပိုးသတ်မထားတဲ့ နွားနို့၊ ဖျော်ရည်တွေကိုရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top