Healthy Life Ad
Health Tips

သင့်ကျောက်ကပ်ကို စောင့်ရှောက်ပါ

၊ ကိုမိုး ၊

ကျောက်ကပ်ကျန်းမာဖို့အတွက် အဆင့် (၁၀) ဆင့်နဲ့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်ပေးရပါမယ်။

အဆင့် (၁)


ရေသောက်ပါ
ရေများများ သောက်ပေးတာက ဆီးကျောက်မတည်အောင်နဲ့ ကျောက်ကပ်ကျန်းမာနေအောင် သင်လုပ်ပေးနိုင်တဲ့ အရေးကြီးဆုံး နည်းလမ်းပါ။ ရေက ဆီးကို ပျော့သွားစေပြီး သတ္တုဓာတ်နဲ့ ဆားတွေ ကပ်ငြိမှုမဖြစ်ဖို့နဲ့ ဆီးကျောက်မဖြစ်ဖို့ ကာကွယ်ပေးပါတယ်။ ဆီးကျောက်တည်နိုင်ခြေရှိသူတွေက အခန်းအပူချိန်မှာပဲ ထားရှိတဲ့ သံပရိုသီးဖျော်ရည်တစ်ခွက် သောက်သင့်ပါတယ်။

အဆင့် (၂)


အကျိုးပြုဘက်တီးရီးယား မှီဝဲပါ
အကျိုးပြုဘက်တီးရီးယားဟာ ကျောက်ကပ်ကနေ စွန့်ပစ်ပစ္စည်းတွေကို စွန့်ထုတ်ဖို့ ကူညီပေးတဲ့အတွက် အစာခြေလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပြီး ဆီးကျောက်ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါရှိသူတွေကို လတ်တလော လေ့လာမှုအရ အကျိုးပြုဘက်တီးရီး ယားမှီဝဲသူတွေက ကျောက်ကပ်လုပ်ငန်းဆောင်တာကောင်းမွန်ပြီး ဘဝနေထိုင်မှု အရည်အသွေးလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။

အဆင့် (၃)


အကိုက်အခဲပျောက်ဆေး ဆင်ခြင်ပါ
အကိုက်အခဲပျောက်ဆေး၊ အထူးသဖြင့်NSAIDs(အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်နဲ့ ပါရာစီတမော)တွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။ အကိုက်အခဲပျောက်ဆေးတွေက ကျောက်ကပ်အပေါ်သက်ရောက်မှုရှိလို့ပါ။ အထူးသဖြင့် NSAIDsနဲ့အရက်ကို ဘယ်တော့မှ ရောမသောက်ပါနဲ့။

အဆင့် (၄)


ဖော့စ်ဖရပ်စ်ရှောင်ပါ
ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ ဖော့စ်ဖရပ်စ်က ခန္ဓာကိုယ်ထဲမှာ စုပုံပြီး အရိုးနဲ့ နှလုံးဝေဒနာတို့လို ပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာမကောင်းချိန်မှာ အဆင်သင့်အစာနဲ့ ကာဗွန်ဖြည့်အချိုရည်တွေကို မသောက်သင့်ပါဘူး။

အဆင့် (၅)

 

ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာကြောင့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

အဆင့် (၆)


တရုတ်နံနံဖျော်ရည် သောက်ပါ
ကျောက်ကပ်ကျန်းမာရေး ကောင်းမွန်အောင် အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့နည်းက အစိမ်းရောင် ဟင်းရွက်ဖျော်ရည် သောက်ပေးဖို့ပါ။ သံပရိုရည်၊ ပျားရည်နဲ့ ရောဖျော်ထားတဲ့ တရုတ်နံနံဖျော်ရည် သောက်တာကြောင့် ခန္ဓာကိုယ်ထဲက အပြင်းစား သတ္တုဓာတ်တွေကို ဖယ်ရှားပေးပါတယ်။

အဆင့် (၇)


ကျောက်ကပ်ကျန်းမာစေသည့် အစာများ စားပါ
ကျောက်ကပ်ကျန်းမာစေဖို့ ဖရဲသီး၊ ဘယ်ရီသီး (စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး)၊ ငရုတ်သီး၊ ပန်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီပွင့်နဲ့ သံလွင်ဆီတို့ကို စားပေးနိုင်ပါတယ်။

အဆင့် (၈)


တိရစ္ဆာန်အသား လျှော့စားပါ
တိရစ္ဆာန်အသားတွေကို များများစားသူတွေမှာ ဆီးကျောက်ဖြစ်နှုန်း များတတ်ပါတယ်။ ဒါကြောင့် အသားကို တစ်နေ့ နှစ်အောင်စထက် မပိုပါစေနဲ့။

အဆင့် (၉)

 


ကိုယ်အလေးချိန် လျှော့ချပါ
အဝလွန်ရောဂါက ကျောက်ကပ်ကင်ဆာဖြစ်နှုန်း မြင့်တက်မှုနဲ့ ဆက်စပ်နေတဲ့အတွက် ကိုယ်အလေးချိန်များနေရင် လျှော့ချသင့်ပါတယ်။

အဆင့် (၁၀)


ဆားခါး (Epsom Salt) ဖြင့် ရေချိုးပါ
ရေချိုးကန်ထဲကို ဆားခါးထည့်ပြီး ရေချိုးပေးပါ။ ဒီနည်းက ကျောက်ကပ်ထဲက စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top