Healthy Life Ad
International

ဗြိတိန်အဆိုကျော် အဒဲလ်က သူ့ကိုယ်လုံးလှပလာမှု နောက်ကွယ်က စားသောက်မှုပုံစံကိုဖွင့်ဟ

၊ မိုးမင်းထွန်း ၊

တစ်ယောက်ယောက်က ဝိတ်ချဖို့ပြောလာရင် ဘယ်တော့မှ ဝိတ်ချမှာမဟုတ်ကြောင်းနဲ့ ပလေးဘွိုင်းမဂ္ဂဇင်း အဖုံးမှာပါဖို့ ဂီတကိုလိုက်စားခဲ့တာမဟုတ်ဘဲ ဂီတပညာရှင်ဖြစ်ဖို့သာအဓိကလို့ အဒဲလ်က တစ်ခါကပြောဖူးပါတယ်။

ဒါပေမဲ့ အဒဲလ်ရဲ့ပရိသတ်တွေက ၂၀ဝ၈ ခုနှစ် သူမနာမည်ကျော်လာခဲ့ကတည်းက အရင်နဲ့မတူအောင် ပြောင်းလဲလာတဲ့ သူမရဲ့သွယ်လျတဲ့ ခန္ဓာကိုယ်ကိုသတိထားမိလာကြပါတယ်။ ၂၈နှစ်အရွယ် အဆိုတော်က ကိုယ်အလေးချိန် ဘယ်လောက်ကျသွားတယ်ဆိုတာကိုပြောဖို့ ငြင်းဆန်ခဲ့ပေမယ့် ခန္ဓာကိုယ်လှပအောင်ပြုလုပ်တဲ့ ရိုးရှင်းတဲ့နည်းလမ်းတွေကိုတော့ ပြောဆိုခဲ့ပါတယ်။

အဒဲလ်က The Sirtfood Diet လို့ခေါ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးတယ်လို့ဆိုပါတယ်။ ဒီနည်းက ပိန်လိုသူများကို ကိုက်လန်၊ ပန်းဂျုံ၊ လက်ဖက်စိမ်းနဲ့ နနွင်းမှုန့်တို့လို ဟင်းသီးဟင်းရွက်အခြေခံ အစားအသောက်တွေ စားသုံးဖို့ အားပေးပါတယ်။ ဝိုင်အနီနဲ့ချိစ် သုံးဖို့ကိုလည်း ခွင့်ပြုပါတယ်။ ဒီအစားအစာတွေက ခန္ဓာကိုယ်အတွင်း ပိန်စေတဲ့ မျိုးဗီဇတွေရဲ့ လမ်းကြောင်းကို ဖွင့်ပေးနိုင်တယ်လို့ သိရပါတယ်။ အဒဲလ်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာနဲ့အတူ ကိုယ်ကာယလေ့ကျင့်ခန်းတွေကိုလည်း ပေါင်းစပ်လေ့ကျင့်တယ်လို့ ပြောပြပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်တာကြောင့် အရင်ကထက်ကျန်းမာလာကြောင်းနဲ့ သက်သောင့် သက်သာနေထိုင်နိုင်လာကြောင်း သူကဆက်ပြောပါတယ်။ အကြီးဆုံးပြဿနာကတော့ အရင်က အဝတ်အစားတွေ ဝတ်ဆင်ဖို့မသင့်တော်တာဖြစ်ကြောင်း အဆိုတော်က ဟာသလုပ်ပြောခဲ့ပါတယ်။ အဒဲလ်ဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်တဲ့ ရောဂါတွေဖြစ်မှာစိုးရိမ်တာကြောင့် ဆေးလိပ်ဖြတ်ခဲ့ကြောင်းလည်း ရှင်းပြပါတယ်။

Most Popular

Healthy Life Ad
To Top