Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်စဉ် မှီဝဲသင့်သည့် အရာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

– ကယ်လ်ဆီယမ်

အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ နှမ်းစေ့၊ ပဲပုပ်စေ့၊ ရုံးပတီသီး စတာတွေမှာ ကယ်လ်ဆီယမ် ဓာတ်ပါဝင်မှုများပါတယ်။


– ဗီတာမင် B6

ဗီတာမင် B6ကို သစ်ကြားသီး၊ သီဟိုဠ်စေ့၊ ခရမ်းချဉ်သီး၊ မြေပဲ၊ ပန်းဂေါ်ဖီပွင့်၊ ပြောင်းဖူး၊ ငှက်ပျောသီး၊ ဆီး(ဇီး)သီး၊ ဂေါ်ဖီထုပ်၊ ငရုတ်ပွသီးစတာတွေကနေ ရနိုင်ပါတယ်။


– ပရိုတင်းဓာတ်

ကုလားပဲ၊ ပဲနီလေး၊ ပဲပုပ်စေ့၊ ပဲမည်း၊ ပေါင်မုန့်၊ ဟင်းနုနယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းစတာတွေမှာ ပရိုတင်းဓာတ်ပါဝင်ပါတယ်။

– ဗီတာမင်အီး

ဂျုံ၊ အခွံမာသီး၊ မြေပဲ၊ နေကြာစေ့၊ သရက်သီး၊ ထောပတ်သီး စတာတွေမှာ ဗီတာမင်အီး ပါဝင်နေပါတယ်။


– ဗီတာမင် B12

ဗီတာမင် B12 ကို ကွေကာ၊ ပင်လယ်ရေညှိ၊ အားဖြည့်နွားနို့ စတာတွေကနေ ရနိုင်ပါတယ်။

– ဗီတာမင်စီ

လိမ္မော်သီး၊ ကီဝီသီး၊ သင်္ဘောသီး၊ ငရုတ်ပွသီး၊ သံပရာသီး၊ ရှောက်သီးလို အချဉ်အရသာရှိတဲ့ သစ်သီးတွေနဲ့ တခြားဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်စီပါဝင်မှု များပါတယ်။


– ဗီတာမင်ဒီ

နေခြည်နုနုလှုံတာကြောင့် ဗီတာမင်ဒီကိုရရှိစေနိုင်ပါတယ်။ နွားနို့နဲ့ ကွေကာမှီဝဲရင်လည်း ဗီတာမင်ဒီရရှိမှု များပါတယ်။


– ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်ပါဝင်မှုများတဲ့ အစားအသောက်တွေက ထောပတ်သီး၊ ပဲနီလေး၊ငှက်ပျောသီး၊ ဟင်းနုနယ်ရွက်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် စတာတွေဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top