Healthy Life Ad
Health Tips

အသားဖြူဝင်းပြီး လှချင်ပါတယ်

မေး။ ။ အသားဖြူဆေးဆိုပြီး သူငယ်ချင်းတွေက ထိုးကြပါတယ်။ သမီးကတော့ ဆေးမထိုးရဲပါဘူး။ ဒါပေမဲ့အသားလည်း ဖြူချင်ပါတယ်။ ဆေးမထိုးဘဲ သဘာဝအတိုင်း အသားဖြူစေမယ့် နည်းလမ်းတွေရှိရင် သိပါရစေ။
လပြည့်ဝင်း၊ ပဲခူး။

ဖြေ။ ။ အသားဖြူစေတဲ့ Glutathione ထိုးဆေးမထိုးဘဲ အသားဖြူစေမယ့် နည်းတွေရှိပါတယ်။ အဲဒီနည်းတွေကတော့-
အသားဖြူစေတဲ့ Glutathione ဓာတ်ကို သဘာဝအားဖြင့် အသည်းက ထုတ်ပေးတာပါ။ သစ်သီး၊ သစ်ရွက်၊ အသားတွေမှာ ပါပါတယ်။
နေပူတတ်နိုင်သမျှ ရှောင်ရင် အကောင်းဆုံးပဲ။

စိတ်တည်ငြိမ်အောင် တရားအားထုတ်တာ၊ ယောဂကျင့်တာကလည်း ဂလူတာသိုင်ရုန်းဓာတ်ကို ပိုမိုထွက်ရှိစေပါတယ်။
လေ့ကျင့်ခန်းမှန်မှန် ပြုလုပ်ပေးတာကလည်း ဂလူတာသိုင်ရုန်းကို ထိန်းပေးနိုင်ပါတယ်။

ဂလူတာသိုင်ရုန်းကို ဆေးအဖြစ်မှီဝဲတာထက် အစာအဖြစ်စားတာက ပိုကောင်းတယ်လို့လည်း ပြောကြပါတယ်။ ဆန်လုံးညိုမှာ ဂလူတာသိုင်ရုန်း ဓာတ်များပါတယ်။ ဂလူတာသိုင်ရုန်းများတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက သစ်ကြမ်းပိုးခေါက်၊ နနွင်းစတာတွေ ဖြစ်ကြပါတယ်။

ဂလူတာသိုင်းရုန်းဟာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မုန်လာထုပ်အစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာပွင့်၊ ထောပတ်သီး၊ ပဲတွေမှာ ပါဝင်ပါတယ်။ ဒါ့အပြင် အနီရောင်အသား၊ အသည်းနဲ့ နို့စတဲ့ အစားအသောက်တွေမှာလည်း ဂလူတာသိုင်ရုန်းဓာတ ်ပါပါတယ်။ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ စပျစ်သီးစတဲ့ သစ်သီးတွေမှာလည်း ပါပါတယ်။ ရှားစောင်းလက်ပပ်မှာလည်း ဂလူတာသိုင်ရုန်းဓာတ် ပါဝင်ပါတယ်။

တချို့အစာတွေက ခန္ဓာကိုယ်ထဲမှာ ဂလူတာသိုင်ရုန်းဓာတ် ထုတ်လုပ်မှုကို များစေတာကြောင့် အသားဖြူဆေးထိုးစရာ မလိုဘဲ အသားဖြူအောင် စားပေးနိုင်ပါတယ်။ ဥပမာ- အနီရောင် အသား၊ အသည်း၊ yeast စတာတွေနဲ့ ပင်လယ်စာ၊ နေကြာစေ့၊ ဟင်းနုနွယ်၊ ထောပတ်သီး၊ ပဲသီး စတာတွေကို စားပေးတာကြောင့် ခန္ဓာကိုယ်ထဲမှာ ဂလူတာသိုင်ရုန်းဓာတ် ပိုထွက်ရှိစေပါတယ်။

ပါမောက္ခဒေါ်မြတ်စန္ဒာကျော်
အရေပြားအထူးကု ဆရာဝန်ကြီး၊မြောက်ဥက္ကလာပဆေးရုံကြီး။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top