Healthy Life Ad
Health Tips

ချစ်စိတ်ဖြစ်စေသည့် အောက်ဆီတိုစင် ဟော်မုန်းအကြောင်း

ကိုထက်

ချစ်စိတ်ဖြစ်စေတဲ့ အောက်ဆီတိုစင်ဟော်မုန်းဟာ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်တဲ့အခါ၊ ထိတွေ့တဲ့အခါ၊ လိင်ဆက်ဆံတဲ့အခါနဲ့ Sex မှာ ကျေနပ်မှုရတဲ့အခါတွေမှာ ထွက်ရှိပါတယ်။

 အောက်ဆီတိုစင် ဘယ်ကထွက်သလဲ
အောက်ဆီတိုစင်ဟော်မုန်းက ပီကျူထရီဂလင်းကနေ ထွက်ပါတယ်။ ဦးနှောက်ထဲကို ပြန်မဝင်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွေး-ဦးနှောက် barrier ကို မဖြတ်နိုင်လို့ပါပဲ။

ဘယ်လိုထွက်သလဲ
ထိတွေ့တဲ့အခါ အောက်ဆီတိုစင်ဟော်မုန်း ထွက်ပါတယ်။ အကြောင်းကတော့ ချစ်ခင်မှုနဲ့ ရင်းနှီးမှုဆိုတဲ့ ခံစားချက်ဖြစ်ပေါ်လို့ပါ။ အောက်ဆီတိုစင်ဟော်မုန်းထွက်တဲ့အခါ ငြိမ်းချမ်းတဲ့ခံစားချက်ကို လှုံ့ဆော်တဲ့အတွက် စိတ်ဖိစီးမှုမဖြစ်အောင် ကာကွယ်ဟန့်တားပေးပါတယ်။

 အောက်ဆီတိုစင်အကြောင်း ထူးဆန်းသည့်အချက် ငါးရပ်
(၁) ကလေးမွေးထားတဲ့ မိခင်တွေကို နို့ချိုအထွက်တိုးစေပြီး မိခင်နဲ့ ကလေးကြားသံယောဇဉ်ကို ပိုခိုင်မြဲစေပါတယ်။

(၂) အော်တစ်ဇင်ရောဂါ ကုသရာမှာ ထိရောက်မှုရှိပါတယ်။ (အော်တစ်ဇင်ရောဂါဆိုတာ မူမမှန်တုံ့ပြန်ရောဂါဖြစ်ပြီး ကလေးအသက် ၂ နှစ်ခွဲမတိုင်ခင် အဖြစ်များတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာမျိုးဖြစ်ပါတယ်)

(၃) သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေးတိုးကျစေပါတယ်။

(၄) လူမှုဆက်ဆံရေးမှာ ဖြစ်ပေါ်တတ်တဲ့ ပူပင်သောကတွေကို သက်သာစေပြီး လူမှုဆက်ဆံရေး ကောင်းမွန်စေပါတယ်။

(၅) ကလေးမွေးရ လွယ်ကူအောင် ပံ့ပိုးပေးပါတယ်။

Ref; MO

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top