Healthy Life Ad
Q & A

တီဘီဆေးသောက်ပြီး ချောင်းနည်းနည်းဆိုးနေတယ် . . .

မေး. တီဘီဆေး စသောက်နေပါတယ်။ ၁၀ရက် လောက်ရှိပါပြီ။ အခုချောင်းနည်းနည်း ပြန်ဆိုးပြီး လည်ချောင်းတွေ နာနေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလဲ။ တီဘီပိုးတော့မတွေ့ပါဘူး။ အဆုတ်မှာအနာလေးတွေ တွေ့တယ်လို့ ပြောပါတယ်။
သန္တာ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ဓာတ်မှန်အရ တီဘီလို့ယူဆရတဲ့အတွက် တီဘီဆေးပေးတာပါ။ သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေး ဌာနကပေးတဲ့ ဆေးကို ညွှန်ကြားချက်အတိုင်းသောက်ပါ။ ရက်ချိန်းမှန်မှန်ပြပါ။ ချက်ချင်းမသက်သာလို့ဆိုပြီး တီဘီဆေးကိုမရပ်သင့်ပါ။ ပိုဆိုးလာရင်တော့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းမှာ ထပ်မံပြသဖို့ တိုက်တွန်းလို ပါတယ်။

Most Popular

Healthy Life Ad
To Top