Healthy Life Ad
International

၁၀ မိနစ်စမ်းသပ်ရုံဖြင့် ကင်ဆာရှိ၊မရှိသိနိုင်မည့် စစ်ဆေးနည်းအသစ်ကို သိပ္ပံပညာရှင်များတီထွင်

၊ မိုးမင်းထွန်း ၊ (Ref;MN)

တံထွေးတစ်စက်ကို အိမ်မှာစစ်ဆေးရုံဖြင့် ကင်ဆာ ရှိ၊ မရှိသိနိုင်မည့် နည်းလမ်းအသစ်ကို သိပ္ပံပညာရှင်တွေက တီထွင်နေကြပါတယ်။

ကယ်လီဖိုးနီးယား စတိတ်တက္ကသိုလ်မှ ကင်ဆာရောဂါဆိုင်ရာပါမောက္ခဒေးဗစ်ဝမ်က အရည်စစ်ဆေးမှုကနေတစ်ဆင့် အရည်ထဲမှာ လည်ပတ်နေတဲ့ အကျိတ် DNA ကို စမ်းသပ်နိုင်မယ်လို့ ဆိုပါတယ်။

တံတွေးစစ်ဆေးမှုက ၁၀ဝ ရာခိုင်နှုန်းမှန်ကန်ပြီး ရိုးရှင်းလှတာကြောင့် ဆေးဝါးကျွမ်းကျင်သူတွေ၊ သွားဆရာဝန်တွေနဲ့ ကိုယ်ရဲ့အိမ်မှာတောင် အလွယ်တကူ စမ်းသပ်နိုင်မယ်လို့ သူကပြောပါတယ်။

လောလောဆယ်မှာ အကျိတ်အသားစ စစ်ဆေးမှု၊ သွေးစစ်ဆေးမှုတို့ကတစ်ဆင့် ကင်ဆာရှိ၊ မရှိကို စမ်းသပ်နေရပါတယ်။

ပါမောက္ခဝမ်ရဲ့ စမ်းသပ်နည်းအရ အကျိတ်ဖြစ်ပေါ်ရင် တံတွေးတစ်စက်က တိကျတဲ့ အချက်အလက်ကို ညွှန်ပြနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ စမ်းသပ်နည်းက လွယ်ကူပြီး ဈေးသက်သာကာ စတာ လင်ပေါင် ၁၅ ပေါင်ခန့်သာကုန်ကျမယ်လို့ သိရပါတယ်။

အခုနည်းလမ်းကို ဒီနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံက အဆုတ်ကင်ဆာဝေဒနာရှင်တွေနဲ့ လက်တွေ့စမ်းသပ်တော့မှာပါ။ အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့က နှစ်နှစ်အတွင်း ခွင့်ပြုမိန့်ရလိမ့် မယ်လို့လည်း မျှော်မှန်းထားကြပါတယ်။

“လူတွေရဲ့သွေးထဲ ဒါမှမဟုတ် တံတွေးထဲမှာ အကျိတ် ပါဝင်လှည့်ပတ်နေတဲ့လက္ခဏာရှိရင် ဒီနည်းလမ်းနဲ့ စမ်းသပ်နိုင်မှာပါ။ ဒီနည်းလမ်းက အကျိတ် ဖြစ်ပေါ်မှုနဲ့ဆက်စပ်နေတဲ့ သွေးရည်ကြည်ထဲက မျိုး ဗီဇအပြောင်းအလဲကို ရှာဖွေနိုင်မှာပါ။ ကင်ဆာရောဂါအမျိုးမျိုးကို ရှာဖွေနိုင်ခြေရှိပါတယ်။ တံတွေးတစ်စက်ကို ၁၀ မိနစ်လောက်သာ စမ်းသပ်ရမှာပါ။ ကင်ဆာရောဂါဟာ စောစောသိရှိရဖို့ အလွန်ရေးကြီးပါတယ်။ မြန်မြန်သိလေ ပိုကောင်းလေပါပဲ။အခုနည်းလမ်းနဲ့ အိမ်မှာတောင် စမ်းသပ်နိုင်တော့မှာပါ” လို့ ပါမောက္ခဝမ်က ပြောပါတယ်။

Most Popular

Healthy Life Ad
To Top