Healthy Life Ad
Health Tips

ခေါင်းမူးခြင်း ဝေဒနာအတွက် အိမ်တွင်း ကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ခေါင်းမူးတာက ယာယီဖြစ်တဲ့ဝေဒနာဆိုရင် ဒါမှမဟုတ် ဆရာဝန်ဆီ သွားမပြနိုင်သေးချိန်မှာ ခေါင်းမူးတဲ့ ဝေဒနာသက်သာသွားဖို့ရာအတွက် အိမ်တွင်း ကုထုံးတွေနဲ့ ကုသလို့ရပါတယ်။

– ရေသောက်ပါ

ခေါင်းမူးရတဲ့ အဓိက အကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်လို့ ဖြစ်ရတာပါ။ ဒါကြောင့် ခေါင်းမူးပြီဆိုတာနဲ့ အရင်ဆုံးလုပ်သင့်တာက ရေတစ်ဖန်ခွက်သောက်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ နေ့တိုင်း ရေ ၈-၁၂ ခွက်လောက် သောက်ဖို့သတိရပါ။

– ချင်းစားပါ

ချင်း(ဂျင်း)က ခေါင်းမူးတာ၊ မူးဝေတာကိုသက်သာစေပါတယ်။ အဆီများတဲ့အစာ စားပြီးချိန်မှာ အစာမကြေဝေဒနာဖြစ်တတ်တဲ့အတွက် ချင်း(ဂျင်း)ကိုစားပေးသင့်ပါတယ်။ ချင်းလက်ဖက်ရည်တစ်ခွက် သောက်တာကြောင့် ခေါင်းမူးတာကိုသက်သာစေပါတယ်။ ချင်းလက်ဖက်ရည်အတွက် အချိန်မရရင် ချင်း(ဂျင်း)အနည်းငယ်ကို ဝါးစားလိုက်ပါ။

– ပူစီနံဆီလိမ်းပါ

နဖူးနဲ့နားထင်မှာ ပူစီနံဆီ အနည်းငယ်သုတ် လိမ်းပြီးနှိပ်နယ်ပေးပါ။ ဒါဆိုရင် အပန်းပြေပြီး ခေါင်းမူးတဲ့ ဝေဒနာချက်ချင်းသက်သာသွားပါလိမ့်မယ်။


– ပျားရည်နှင့် ရှလကာရည်သောက်ပါ

သွေးပေါင်ကျတာက မူးဝေတာကြောင့် ဖြစ်တတ်တဲ့ အကြောင်းရင်းတစ်ရပ်ပါ။ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းနိုင်ဖို့ ပျားရည်နဲ့ ရှလကာရည် ထည့်ထားတဲ့ ရေတစ်ဖန်ခွက်ကို သောက်ရပါမယ်။ လုပ်ရမယ့်နည်းက ကြက်သီးနွေးရေ ဒါမှမဟုတ် ရေအေးတစ်ဖန်ခွက်ထဲမှာပျားရည်နဲ့ ရှလကာရည်လက်ဖက်စားဇွန်း တစ်ဇွန်းစီထည့်ပြီး မွှေပေးရမှာပါ။

– သံပရာရည်သောက်ပါ

သံပရာရည်သောက်တာကြောင့် ခေါင်းမူးတာ သက်သာသွားနိုင်ပါတယ်။ အထူးသဖြင့် သွေးတွင်း သကြားဓာတ် လျော့ကျပြီး ခေါင်းမူးတဲ့ ဝေဒနာခံစားနေရရင် သကြားနည်းနည်းထည့်ထားတဲ့ သံပရာ ရည်သောက်ပါ။

– ကြက်သွန်ဖြူ ထည့်စားပါ

အအေးမိတာ၊ တုပ်ကွေးဖျားတာ၊ ကူးစက်ပိုး ဝင်တာ၊ ဓာတ်မတည့်တာ စတဲ့ ဝေဒနာတွေအတွက် သာမက မူးဝေတဲ့အခါမှာလည်း ကြက်သွန်ဖြူထည့် စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ပိုးသတ်အာနိ သင်ရှိတယ်လို့ သိရတဲ့အတွက် ဓာတ်မတည့်မှုနဲ့ ကူးစက်ပိုးဝင်တာတွေကို သက်သာစေပါတယ်။ ဟင်းလျာထဲ ကြက်သွန်ဖြူများများ ထည့်စားတာကြောင့် ခေါင်းမူးတဲ့ ဝေဒနာကို ပျောက်ကင်းစေပါတယ်။

– အနှိပ်ခံပါ

ဦးနှောက်ထဲ သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ခေါင်းမူးနေရင် နှိပ်တာက ထိရောက်ပါတယ်။ အနှိပ်ခံလိုက်တဲ့အခါ စိတ်အပန်းပြေတည် ငြိမ်သွားတဲ့အတွက် ဦးနှောက်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းပြီး အောက်ဆီဂျင် ပိုမိုရောက်ရှိသွားတတ်ပါတယ်။ ပိုကောင်းတဲ့ အာနိသင်ရရှိစေဖို့ လာဗန်ဒါဆီလိမ်းပြီး အနှိပ်ခံလိုက်ပါ။

– ရေခဲကပ်ပါ

စိတ်ဖိစီးမှုကြောင့် မူးဝေတဲ့ဝေဒနာနဲ့ ခေါင်းမူးတာတို့ ဖြစ်တတ်တဲ့အတွက် အနားယူပြီး လှဲလျောင်းလိုက်ပါ။ လည်ကုပ်ပေါ်မှာ ရေခဲကပ်ပေးတဲ့အတွက် စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဒါပေမဲ့ နေပူထဲ က ပြန်လာချိန်မှာမလုပ်သင့်ပါဘူး။

(Def; HD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top