Healthy Life Ad
Q & A

အသုပ်စုံ စားရင် . .

မေး။ ။ အသုပ်စုံတွေ စားရင် အာဟာရဓာတ်ရပါ့မလား သိချင်လို့ပါ။

မြမြမေ၊ သာကေတ။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ အသုပ်စုံတွေက ကယ်လိုရီတော့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသုပ်စုံထဲမှာ အာလူး၊ သင်္ဘောသီး၊ ကြာဆန်၊ တိုဟူး၊ ပဲပင်ပေါက်၊ ပဲမှုန့် စတာတွေ ပါတဲ့အပြင် ဆီလည်း ပါတဲ့အတွက် အသုပ်စုံ ၁၀ဝ ဂရမ်မှာ ကယ်လိုရီ ၂၀ဝ-၂၅၀ လောက် ရပါတယ်။ ကယ်လိုရီအနေနဲ့ ရပေမယ့် တကယ့် အာဟာရဓာတ် ပြည့်စုံနိုင်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အသားဓာတ်၊ အဆီဓာတ် စတာတွေကတော့ အများကြီး မရပါဘူး။ အသုပ်စုံချည်းပဲ စားရင်တော့ အာဟာရဓာတ် အပြည့်အဝမရတဲ့အတွက် ကျန်းမာရေးနဲ့ အညီညွတ်ကြီးတော့ မဟုတ်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top