Healthy Life Ad
Life Style

အသားအရေလှပရန် စားသင့်သည့် အစားအသောက်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

– အသီးအနှံ၊ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆန်

အသားအရေလှပဖို့အတွက် အဓိကကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို များများ စားပေးရပါမယ်။
ဗီတာမင်စီနဲ့ ဗီတာမင်အီးက အသားအရေ လှပါတယ်။ ဗီတာမင်စီ ရရှိဖို့အတွက် လိမ္မော်သီး၊ ကျွဲကောသီး၊ နာနတ်သီးနဲ့ တခြားအရည်ရွှမ်းတဲ့ အသီးတွေကို စားလို့ ရပါတယ်။ ဗီတာမင်အီး ရရှိဖို့အတွက် နေကြာစေ့၊ Almond သစ်စေ့ စတဲ့ အစေ့အဆန်တွေကို စားလို့ရပါတယ်။ ဒါပေမဲ့ အဲဒီအစေ့အဆန် တွေကလည်း များများစားရင် ဝစေတဲ့အတွက် သတိထားသင့်ပါတယ်။

– ရှားစောင်းလက်ပပ်ဖျော်ရည်

အသားအရေကို တကယ်လှစေတာက အခုနောက်ပိုင်းမှာ ထွက်လာတဲ့အချိုဓာတ်မပါတဲ့ ရှားစောင်းလက်ပပ်ဖျော်ရည်ကို ရွေးသောက်ပေးသင့်ပါတယ်။

– မုန်လာဥနီ

မုန်လာဥနီကို တစ်ရက် ၃၀ ဂရမ် (တစ်ဥ)လောက် နေ့တိုင်း ပုံမှန်စားပေးမယ်ဆိုရင် အသားအရေက လှပပါတယ်။ ဒါပေမဲ့ မုန်လာဥနီများများစား ရင်တော့ အသားအရောင်က ပြောင်းသွားတတ်လို့ တစ်ရက် ၃၀ ဂရမ်လောက်ပဲ စားသင့်ပါတယ်။

အသားအရေကို ထိခိုက်စေသည့် အရာများ

– အဆီ

အသားအရေလှပမှုကို ဖျက်ဆီးပြီး ရုပ်ဆိုးစေတဲ့ အစာတွေကတော့ အဆီပဲ။ ဝက်ဆီ၊ ဝက်ခေါက်ကြော်၊ ကြက်ဆီထမင်း၊ ဘူးသီးကြော်၊ ဘယာကြော်တို့လို ဆီကြော်အစာတွေ . . စတဲ့ အဆီတွေကို များ များစားတဲ့သူတွေက မျက်နှာမှာ ဝက်ခြံ ထွက်တတ်ပါတယ်။ ဒါကြောင့် အဲဒီအစာတွေကိုလည်း များများ မစားသင့်ပါဘူး။

– အချဉ်ဖောက်ထားသော အစာများ

အချဉ်ဖောက်ထားတဲ့ အစာတွေကိုလည်း များများ မစားသင့်ပါဘူး။ ဆားများတဲ့ အစားအသောက်တွေဖြစ်လို့ အသားအရေကို မလှပစေတာဖြစ်ပါတယ်။

– ဆေးလိပ်၊ အရက်၊ ဘီယာ

ဆေးလိပ်၊ အရက်၊ ဘီယာ စတာတွေကို သုံးစွဲတာကတော့ အသားအရေကို လုံးဝ ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တဲ့သူဆိုရင် နှုတ်ခမ်းတွေကလည်း မည်းလာမယ်၊ မျက်နှာကလည်း မည်းလာမယ်၊ အရက်သောက်တဲ့ သူဆိုရင် မျက်နှာက ဖောသွပ်နေမယ် . . ဒါကြောင့် ဆေးလိပ်နဲ့ အရက်သောက်နေတဲ့ သူတစ်ယောက်က ဘယ်လိုနည်းနဲ့မှ အသားအရေကို မလှပစေနိုင်ပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top