Healthy Life Ad
Health Tips

ဒိန်ချဉ်ဘာကြောင့် စားသင့်သလဲ . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဒိန်ချဉ်ဆိုတာ နွားနို့ကိုအချဉ်ဖောက်ပြီး ပြုလုပ်ထားကာ အများအားဖြင့် နံနက်စောစောစားလေ့ ရှိကြပါတယ်။ ဒိန်ချဉ်က အမျိုးသမီးတွေအတွက် သာမက အမျိုးသားတွေအတွက်လည်း အကောင်းဆုံးအစာဖြစ်ပါတယ်။

ဒိန်ချဉ်ကို အချဉ်ဖောက်တဲ့အခါပါတဲ့ အဓိကဘက်တီးရီးယားက လက်တိုဘက်ဆဲလပ်စ်ဘူးဂါးရီးယပ်စ်၊ လက်တိုဘက်ဆဲလပ်စ်အဆီဒိုဖီးလပ်စ်၊ လက်တိုဘက်ဆဲလပ်စ်ရမ်နိုဆပ်၊ စတပ်ပတိုကော့ကပ်စ်သာမိုဖီးစ်နဲ့ အန်တရိုကော့ကပ်စ်ဖေးဆီယမ် တို့ဖြစ်ကြပါတယ်။ ဒီဘက်တီးရီးယားတွေက နို့ထဲမှာ လက်တစ်အက် ဆစ်ဖြစ်ပေါ်စေပြီး ခရင်မ်ပုံစံ ဖြစ်စေပါတယ်။

ဒိန်ချဉ်ကို စားသုံးတဲ့အတွက် အောက်ပါ ကျန်းမာရေး ကောင်းကျိုးတွေ ရရှိစေပါတယ်။

-သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို သိသိသာသာလျော့ကျစေပါတယ်။ ဒါ့အပြင် ဒိန် ချဉ်စားတာကြောင့် နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာ မရအောင် ကာကွယ်ပေးပါတယ်။

-လက်တို့စ်နဲ့ မတည့်တဲ့သူတွေက ဒိန်ချဉ်ကိုပုံမှန် စားတာကြောင့် ဓာတ်မတည့်တဲ့ ဝေဒနာကို သက်သာစေပြီး ကယ်လ်ဆီယမ်ဓာတ် ရရှိစေပါတယ်။

-ဒိန်ချဉ်စားတာကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

-ဒိန်ချဉ်စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကိုသက်သာစေပါတယ်။ အကြောင်းကတော့ ဒိန်ချဉ်ထဲမှာပါတဲ့ ဘက်တီးရီးယားပိုးတွေက အူတွေကို ကောင်းကောင်း အလုပ်လုပ်ဖြစ်စေတဲ့အတွက် ဘက်တီးရီးယားမျှခြေကို ကောင်းမွန်စေတာဖြစ်ပါတယ်။

-ဒိန်ချဉ်စားတာကြောင့် မှိုပိုးစွဲတာကို သက်သာစေပါတယ်။ အထူးသဖြင့် တချို့အမျိုးသမီးတွေမှာ မိန်းမကိုယ် တစ်ဝိုက် ဒိန်ချဉ်လိမ်းပေးရင် မှက္ခရုမှို မစွဲအောင် ကာကွယ်ပေးပါတယ်။

(Ref; HD)

Most Popular

Healthy Life Ad
To Top