Healthy Life Ad
International

ဆံပင်ဖြူစေသည့် မျိုးဗီဇကို သိပ္ပံပညာရှင်များတွေ့ရှိ

၊ မိုးမင်းထွန်း ၊

ဆံပင်ဖြူစေတဲ့ မျိုးဗီဇတစ်ခုကို တွေ့ရှိခဲ့တယ်လို့ သုတေသနသမားတွေက ပြောပါတယ်။

လက်တင်အမေရိကမှလူမျိုးစုအစုံပါဝင်တဲ့ လူ ၆၀ဝ၀ ကျော်ကို စမ်းသပ်ကြည့်ရာမှာ မျိုးဗီဇတွေဟာ ဆံပင်ဖြူခြင်းနဲ့ သက်ဆိုင်မှုရှိတာကို တွေ့ရှိခဲ့တာပါ။

“ထိပ်ပြောင်တာနဲ့ ဆံပင်အရောင်တွေဟာ မျိုးဗီဇတွေနဲ့ သက်ဆိုင်မှုရှိတယ်ဆိုတာ သိရှိထားကြပါတယ်။ ဒါပေမဲ့ လူတွေကို ဆံပင်ဖြူစေတဲ့ မျိုးဗီဇတစ်ခုနဲ့ ဆံပင်ပုံစံမတူညီမှု၊ ဆံပင်ထူထဲမှုနဲ့ ဆက်စပ်တဲ့မျိုးဗီဇတွေကို တိတိကျကျသတ်မှတ်နိုင်တာက ဒါဟာ ပထမဆုံးပါပဲ”လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ လေ့လာမှုမှာပါဝင်သူ ကောက်စတက်အက်ဟီကာရီက ပြောပါတယ်။

ဒီတွေ့ရှိမှုက မှုခင်းဆေးပညာနဲ့ အလှအပ ပစ္စည်းထုတ်လုပ်ခြင်းတို့မှာ အထောက်အကူဖြစ်စေမယ်လို့ သိရပါတယ်။

IRF4 အမည်ရတဲ့ မျိုးဗီဇဟာ ဆံပင်ဖြူခြင်းနဲ့ ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီမျိုးဗီဇဟာ လူတွေ ဆံပင်ဖြူခြင်းမှာ အဓိကအခန်းကဏ္ဍက ပါဝင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒီတွေ့ရှိမှုဟာ ဆံပင်ဖြူတာကို နှောင့်နှေးအောင် ပြုလုပ်ရာမှာ ကူညီနိုင်မှာဖြစ်ပြီး အသက်ကြီးခြင်းအကြောင်း ပိုမိုနားလည်လာနိုင်မယ်လို့ ဆိုပါတယ်။

ဆံပင်ပုံစံမတူညီမှုတွေက သဘာဝတရားနဲ့ လိင်မတူညီမှုကြောင့်ဖြစ်ပေါ်တယ်လို့ အစဉ်အလာအရ ယူဆခဲ့ကြတာပါ။ ဆံပင်တွေရဲ့ပြောင်းလဲမှုဖြစ်စဉ်ဟာ မျိုးဗီဇကြောင့်ဆိုတာ ကိန်းဂဏန်းအချက် အလက်တွေနဲ့တွေ့ရှိခဲ့တယ်လို့ သူတို့ကဆိုပါတယ်။

သူတို့တွေ့ရှိခဲ့တဲ့ မျိုးဗီဇတွေက ဆံပင်ဖြူခြင်း၊ ပင်ကို ဆံပင်ဖြောင့်ခြင်း၊ မျက်ခုံးမွေးထူထဲခြင်းတို့မှာ တခြားအကြောင်းရင်းတွေနဲ့ပေါင်းစပ်ပြီး အဓိက အခန်းကဏ္ဍက ပါဝင်ကြတယ်လို့ သုတေသီတွေက ပြောပါတယ်။

(Ref; NH)

Most Popular

Healthy Life Ad
To Top