Healthy Life Ad
Health Tips

ဗီတာမင်ဒီ ကျန်းမာရေးအစွမ်း

နေခြည်နုနုလှုံတာကြောင့် ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ နွားနို့နဲ့ကွေကာ မှီဝဲရင်လည်း ဗီတာမင်ဒီ ရရှိမှုများပါတယ်။ ဗီတာမင်ဒီ အလုံအလောက်ရရှိတဲ့အတွက် ရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့-

– စိတ်ဓာတ်တက်ကြွစေပါတယ်

အသက်ကြီးချိန်မှာ ဗီတာမင်ဒီပမာဏ လျော့နည်းသူတွေက ဗီတာမင်ဒီပုံမှန်ရှိသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ၁၁ဆ ပိုများပါတယ်။

– နှလုံးကို ကျန်းမာစေပါတယ်

အမျိုးသားတွေမှာ ဗီတာမင်ဒီမှီဝဲရင် နှလုံးရောဂါထနိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်နှုန်း လျော့ကျစေပါတယ်

ဗီတာမင်ဒီ အလုံအလောက်ရှိသူတွေက မရှိသူတွေထက် အမျိုးအစား (၁) ဆီးချိုရောဂါဖြစ် နှုန်း ၆၆ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

– တစ်ကိုယ်လုံး ညောင်းညာနုံးချည့်မှု သက်သာစေပါတယ်

တစ်ကိုယ်လုံး ညောင်းညာနုံးချည့်တဲ့ ဝေဒနာရှိသူ ၆၀ ရာခိုင်နှုန်းကျော်ဟာ ဗီတာမင်ဒီ ချို့တဲ့နေကြပါတယ်။

– အရိုးတွေကို သန်စွမ်းစေပါတယ်

ဗီတာမင်ဒီ မှီဝဲသူတွေဟာ အရိုးကျိုးအက်နိုင်ခြေ ၅၀ ရာခိုင်နှုန်းကျော် လျော့ကျမှုရှိပါတယ်။

Most Popular

Healthy Life Ad
To Top