Healthy Life Ad
Life Style

သင်၏ ပျိုမြစ်နုနယ်မှုအလှတရားကို ဖျက်ဆီးနေသည့် မိတ်ကပ်လိမ်းခြယ်မှု ငါးမျိုး

လရိပ်မေ

ပျိုမြစ်နုနယ်တဲ့ အလှတရားပိုင်ဆိုင်ချင်တယ်ဆိုရင် ရှိရင်းစွဲ အရွယ်ထက် ပိုရင့်ရော်စေတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကို ရှောင်ဖို့လိုပါတယ်။ သင့်မျက်နှာမှာ အရေးကြောင်းပါးပါးတွေ၊ အရေးကြောင်းနက်နက်တွေ ရှိနေတယ်ဆိုရင်တောင် မိတ်ကပ်ဆိုတာ အဲဒီအပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးနိုင်ပြီး မျက်နှာပျိုမြစ်နုနယ်အောင် ဖန်တီးပေးတဲ့ အရာမျိုး ဖြစ်သင့်တာပါ။ ဒါကြောင့် မိတ်ကပ်နဲ့ ပတ်သက်ပြီး ဘယ်လိုလိမ်းခြယ်မှုတွေကို ရှောင်သင့်သလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) အမည်းရောင် နှုတ်ခမ်းဆိုးဆေး ဆိုးခြင်း
အသက်ကြီးလာတဲ့အခါ နှုတ်ခမ်းတွေရဲ့ သဘာဝကျကျ နှင်းဆီနီအရောင်က ပျက်ပြယ်သွားပါတော့တယ်။ အသက် ၂၀ အရွယ်မှာ အမည်းရောင် နှုတ်ခမ်းနီဆိုးတာကြည့်ကောင်းပေမယ့် အသက်ကြီးတဲ့အခါ ပိုရုပ်ရင့်သွားနိုင်ပါတယ်။

ဘယ်လိုလိမ်းသင့်သလဲ
နှုတ်ခမ်းသား လေဝင်လေထွက်ကောင်းဖို့ အကောင်းဆုံးနည်းက နှင်းဆီနီရောင်၊ စတော်ဘယ်ရီသီးရောင်၊ မက်မွန်သီးရောင်လို နှုတ်ခမ်းဆိုးဆေးနဲ့ အဆင်ပြေဆုံးဖြစ်ပါတယ်။ အဲဒီအရောင်တွေ ဆိုးလိုက်မှသာ နှုတ်ခမ်းသားက ပိုမိုကြီးမားသလို ထင်ရစေမှာပါ။ အောက်နှုတ်ခမ်းသားအလယ်ကို နှုတ်ခမ်း ဆိုးဆေးအဆီ(Lip Gloss) ဆိုးလိုက်ရင် နှုတ်ခမ်းသားကို ပိုမိုပြည့်တင်းသလို ဖြစ်စေပါတယ်။

(၂) နှင်းခဲဖတ်ကဲ့သို့ အပြောင်အလက်ပါသည့် အိုင်းရှဲဒိုး လိမ်းခြင်း
အပေါ်မျက်ခွံပေါ်မှာ နှင်းခဲဖတ်တွေလို အပြောင်အလက်ပါတဲ့ အိုင်းရှဲဒိုးလိမ်းလိုက်ရင် အရေးကြောင်းတွေ ပိုထင်ပြီး မျက်ခွံပိုတွဲကျသလို ဖြစ်စေပါတယ်။

ဘယ်လို လိမ်းသင့်သလဲ
နှင်းခဲဖတ်တွေလို အပြောင်အလက်ပါတဲ့ အိုင်းရှဲဒိုးလိမ်းတာမျိုးထက် အပြောင်အလက်ပါတဲ့ အိုင်းရှဲဒိုး (Shimmer Eye Shadow)ကို လိမ်းသင့်ပါတယ်။

(၃) မျက်ခွံတွင် အိုင်းလိုင်နာထူထူဆိုးခြင်း
မျက်ခွံအောက်ဘက်မှာ အိုင်းလိုင်နာထူထူ ဆိုးတာကြောင့် မျက်စိကို ပင်ပန်းသလို ဖြစ်စေပြီး လေးလံသလို ထင်ရစေပါတယ်။

ဘယ်လို လိမ်းသင့်သလဲ
အောက်မျက်ခွံထက် အပေါ်မျက်ခွံမှာ အိုင်းလိုင်နာထူထူဆိုးတာက ပိုကောင်းပါတယ်။ အိုင်းလိုင်နာခဲတံ ဆိုးမယ်ဆိုရင် မျက်ခွံဘေးဘက်တွေပျံ့ပြီး စွန်းထင်းစေတတ်တဲ့အတွက် မျက်စိကို ပိုရင့်သွားစေပါတယ်။

(၄) ပေါင်ဒါမှုန့် ရိုက်လွန်းခြင်း
မျက်နှာပေါ် ပေါင်ဒါမှုန့်များများ လိမ်းတာကြောင့် အရေးကြောင်းတွေကို ပိုထင်စေသလိုမိတ်ကပ်နဲ့ အသားအရေတစ်သားတည်း မဖြစ်တော့ဘဲ မိတ်ကပ်အကွက်လိုက် ဖြစ်နေတတ်ပါတယ်။

ဘယ်လို လိမ်းသင့်သလဲ
နဖူး၊ နှာခေါင်းနဲ့ မေးစေ့နေရာလို အရေပြား T Zone မှာပဲ ပေါင်ဒါမှုန့် ရိုက်ပေးပါ။ နှုတ်ခမ်းနဲ့ မျက်ဝန်းတစ်ဝိုက် အရေးကြောင်းထင်းစေတဲ့ နေရာတွေမှာ ပေါင်ဒါများများ မလိမ်းပါနဲ့။

(၅) ပါးနီရဲရဲ ဆိုးခြင်း
အသက်ကြီးလာတဲ့အခါ ပါးပြင်မှာ ကော်လာဂျင်ဓာတ် ဆုံးရှုံးသွားတတ်ပါတယ်။ အဲဒီအချိန်မှာ တင်းရင်းမှုလျော့နည်းနေတဲ့ ပါးပြင်ပေါ် ပါးနီရဲရဲဆိုးလိုက်တာကြောင့် ရုပ်ပိုရင့်စေပါတယ်။

ဘယ်လို လိမ်းသင့်သလဲ
ပါးနီဆိုးတဲ့အခါ နုပျိုကြည်လင်တောက်ပနေစေဖို့ ပန်းနုရောင် ပါးနီဆိုးပေးပါ။

Ref; HD

Most Popular

Healthy Life Ad
To Top