Healthy Life Ad
Health Tips

၀မ်းမချုပ်အောင် ဘယ်လို လိုက်နာသင့်သလဲ . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ဝမ်းချုပ်တဲ့အခါ သက်သာရာရစေဖို့ သဘာဝ အိမ်တွင်းကုထုံးတွေကို သုံးသင့်ပါတယ်။

Baking-soda
– ဆော်ဒါမှုန့်
ဆော်ဒါမှုန့်မှာ အသုံးဝင်ပုံများစွာ ရှိပါတယ်။ ဆော်ဒါမှုန့်ဟာ ခန္ဓာကိုယ်ထဲက လေထွက်စေပြီး ဗိုက်အောင့်တာကို သက်သာစေပါတယ်။ ဒါ့အပြင် အစာအိမ်ထဲက စံအဆင့်ကို ဟန်ချက်ညီမျှစေပါတယ်။

aloe-vera-gel-on-wooden-spoon-1
– ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်လိမ်းတာကြောင့် အရေပြားပြတ်ရှရာနဲ့ မီးလောင်ဒဏ်ရာတွေကို သက်သာစေရုံသာမက ဝမ်းချုပ်တဲ့ဝေဒနာကိုလည်း လျော့ပါးစေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်သားကို သစ်သီးဖျော်ရည်ထဲထည့်ကာ မနက်တိုင်းသောက်ပေးရင် ဝမ်းမှန်မှန်သွားစေပါတယ်။

6373455_orig
– အမျှင်ဓာတ်
အမျှင်ဓာတ်က အစာကြေညက်လွယ်စေပါတယ်။ အမျှင်ဓာတ်က မစင်နဲ့ပေါင်းကာ ရေကိုစုပ်ယူပြီး ဝမ်းပျော့သွားစေပါတယ်။ ဒါကြောင့် အမျှင်ဓာတ်တချို့စားပြီး ရေများများ သောက်ပေးပါ။

coffee-wallpaper-1306-1433-hd-wallpapers
– ကဖင်းဓာတ်
ကဖင်းဓာတ်က ဝမ်းဗိုက်ကို လှုံ့ဆော်ပေးတဲ့ အရာဖြစ်ပါတယ်။ ကော်ဖီသောက်တာကြောင့် ဆီးသွားများစေပြီး ဆီးရွှင်စေပါတယ်။ ကော်ဖီသောက် လွန်းရင်တော့ ရေဓာတ်ခမ်းခြောက်ပြီး ဝမ်းချုပ်စေတဲ့အတွက် ကော်ဖီအသင့်အတင့်ပဲ သောက်ပါ။

1295735.large_
– သံပရိုသီး
သံပရိုသီးမှာ ပါတဲ့ စစ်ထရစ်အက်ဆစ်ဟာ အစာခြေလမ်းကြောင်းစနစ်ကို ကောင်းကောင်းလှုံ့ဆော် ပေးနိုင်ပါတယ်။ သံပရိုရည်က အူမကြီးနံရံမှာ ကပ်ငြိနေတဲ့ အဆိပ်အတောက်တွေနဲ့ မကြေညက်တဲ့အစာ ဟောင်းတွေကို စွန့်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

Olive-Oil-3-e1481809829298
– သံလွင်ဆီ
သံလွင်ဆီက အူမကြီးထဲမှာ အစာဟောင်းတွေ ရွေ့လျားသွားလာအောင် ကူညီပေးပါတယ်။ ဆီရဲ့ ပုံစံနဲ့ စုပ်ယူမှုကြောင့် ဝမ်းမှန်မှန်သွားစေပြီး ဝမ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top