Healthy Life Ad
Health Tips

ခါးနာသည့်အခါ လုပ်သင့်သော အိမ်တွင်းကုထုံးများ

မီမိုး ( ဆေးဝါးတက္ကသိုလ် )

ခါးနာတဲ့ ဝေဒနာက ခံရခက်ပြီး အိပ်ရာထဲက နေမထနိုင်အောင် ဖြစ်နေပါသလား။ အိပ်နေရုံနဲ့ ခါးနာတဲ့ ဝေဒနာက သက်သာသွားမှာ မဟုတ်ပါဘူး။ လွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးတွေ လုပ်ဆောင်ရုံနဲ့ ခါးနာကျင်ကိုက်ခဲတောင့်တင်းတဲ့ ဝေဒနာ သက် သာသွားမှာ ဖြစ်ပါတယ်။

 မွေ့ရာလဲပါ
မွေ့ရာမကောင်းတာနဲ့ မွေ့ရာအသုံးပြုမှု ကြာသွားတာတွေကြောင့် ခါးနာတဲ့ ဝေဒနာရတတ်ပါတယ်။ ပျော့အိနေတဲ့ မွေ့ရာပေါ် အိပ်တာကြောင့် ခါးနာတဲ့ ဝေဒနာကိုပိုဆိုးစေနိုင်ပါတယ်။ မွေ့ရာအသစ်လဲလိုက်တာကြောင့် အိပ်ရေးဝ၀အိပ်ပျော်စေပြီး အနာကျက်နှုန်း ပိုကောင်းသွားမှာပါ။ ဘေးစောင်းအိပ်ဖို့ အကြံပြုချင်ပါတယ်။

 ရေခဲကပ်ပါ
ခါးနာတဲ့ နေရာမှာ ရေခဲဝတ်ကပ်ပေးပါ။ ရေခဲဝတ်ကုထုံးကြောင့် ရောင်ရမ်းမှု လျော့ပါးပြီး ကိုက်ခဲနာကျင်မှု သက်သာစေပါတယ်။ ပိတ်စထဲ ရေခဲထည့်ပြီး ကပ်လို့ရသလို ရေခဲအိတ်ကို အေးအောင်ထားပြီး ကပ်နိုင်ပါတယ်။ မိနစ် ၂၀ လောက် ခါးမှာကပ်ပေးရင် နာကျင်တဲ့ ဝေဒနာ သက်သာသွားမှာ ဖြစ်ပါတယ်။
ကြက်သီးနွေးရေ ချိုးပေးရင်လည်း ခါးတစ်ဝိုက် ကြွက်သားတွေရဲ့ တင်းအားလျော့ကျပြီး နာကျင်မှု ဝေဒနာ သက်သာစေပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေ ကြက်သီးနွေးရေထဲ မစိမ်ပါနဲ့။

 အနားယူပါ
တစ်ကိုယ်လုံး တင်းအားလျှော့ပြီး အနားယူပါ။ တရားထိုင်တာ၊ အသက်ပြင်းပြင်း ရှူသွင်း/ရှူထုတ် လုပ်တာနဲ့ မျက်စိမှိတ်ပြီး အပန်းဖြေတာကြောင့် ခါးအပါအဝင် သင့်တစ်ကိုယ်လုံး အနာကျက်နှုန်း ကောင်းမွန်စေပါတယ်။

 နှိပ်နယ်ပါ
အနှိပ်ခံပါ။ သင့်အိမ်ထောင်ဖက် ဒါမှမဟုတ် မိသားစုဝင်ကို နှိပ်ခိုင်းပါ။ နာကျင်မှု သက်သာစေပါတယ်။

 အကိုက်အခဲပျောက်ဆေး မှီဝဲပါ
အကိုက်အခဲပျောက်ဆေးမှီဝဲတာကြောင့် ခါးနာဝေဒနာ သက်သာစေပါတယ်။ အစာအိမ်အနာရှိရင် အကိုက်အခဲပျောက်ဆေး မသောက်ပါနဲ့။

 မတ်တပ်ရပ်ပြီး လမ်းလျှောက်ပါ
ခါးနာရင် တစ်နေ့လုံး အိပ်ရာထဲလှဲနေရမှာ မဟုတ်ပါဘူး။ တတ်နိုင်သမျှ လှုပ်ရှားမှု လုပ်ပေးရမှာပါ။ တကယ်လို့ လမ်းမလျှောက်နိုင်ရင်တောင် ဒူးခေါင်းအောက်မှာ ခေါင်းအုံးနှစ်လုံးခံပြီး ခါးပေါ်ဖိအားမကျအောင်နေပါ။ ခါးပေါ်ဖိအားကျရောက်ရင် လည်ပင်းကို ဒဏ်ဖြစ်စေနိုင်ပါတယ်။ အိပ်ရာထဲမှာ သုံးရက်ကျော်လောက် လှဲနေရုံနဲ့ ကြွက်သားတွေ အားနည်းပြီး နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဆင်ပြေတိုင်း လှုပ်ရှားမှုလုပ်ပေးပါ။

Ref; HD;

Most Popular

Healthy Life Ad
To Top