Healthy Life Ad
Health Tips

ခါးလှည့်ကွင်းသုံးပြီး ခါးလှည့်တာက မလိုချင်တဲ့အဆီပိုတွေ လျော့ကျစေတယ်ဆိုတာ သင်သိပါရဲ့လား . . .

ခါးတစ်ဝိုက်မှာထိန်းပြီး ဝှေ့ယမ်းကာ ကစားရတဲ့ ခါးလှည့်ကွင်းတွေဟာ ကိုယ်အလေးချိန်လျော့ကျမှုကို အများကြီး အထောက်အပံ့ပေးကြောင်း လေ့လာမှုအသစ်တစ်ရပ်က ရှင်းပြခဲ့ပါတယ်။

ခါးလှည့်ကွင်းသုံးပြီး တစ်နာရီလေ့ကျင့်တာကြောင့် တစ်နာရီအတွင်း လေးမိုင်ကနေ လေးမိုင်ခွဲခန့် လမ်းလျှောက်သလိုမျိုး တူညီတဲ့ စွမ်းအင်တွေကို အသုံးပြုလိုက်ပြီး ခါးလှည့်ကွင်းနဲ့ လေ့ကျင့်ခန်းလုပ်သူတွေကို ကိုယ်ခန္ဓာသွယ်လျလှပကာ သန်စွမ်းကျစ်လျစ်စေတယ်လို့ အမေရိကန်အားကစား ဆေးပညာဆိုင်ရာ ကောလိပ်တစ်ခုရဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

Most Popular

Healthy Life Ad
To Top