Healthy Life Ad
Life Style

လှေလှော်တုန်း တက်မကျိုးစေဖို့ . . .

၊ ငွေကြယ်စင်ယံ ၊

ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်မရောက်ခင် ကျန်းမာရေးချို့တဲ့သွားတဲ့ အဖြစ်မျိုးမဖြစ်စေဖို့ အမြဲကျန်းမာနေစေမယ့် နည်းလမ်းတွေကိုလိုက်နာသင့်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်ဖျော်သောက်တဲ့အခါတိုင်း သကြားများများထည့်ဖျော်သောက်မယ့်အစား သကြားလက်ဖက်စားဇွန်း တစ်ဝက်လောက်ပဲထည့်ဖျော်ပြီး သောက်ပါ။

အဆင်သင့်အစာမစားဘဲဖြစ်နိုင်ရင် အိမ်မှာကိုယ့်ဘာသာကြိုးစားပြီး ချက်ပြုတ်စားသောက်ပါ။

တစ်ပတ်တာအတွင်း ဂတ်စ်ပါတဲ့အမြှုပ်ထအချိုရည် ဒါမှမဟုတ် အရက်မပါဘဲ ဖြတ်သန်းကြည့်ပါ။

ညတိုင်းနာရီဝက်ခန့်စောပြီး အိပ်ရာဝင်ပါ။

နေခြည်နုနုကျရောက်နေတဲ့ မနက်ခင်းအချိန်မှာ နေကာခရင်မ်လိမ်းပြီး အပြင်ထွက်ပေးပါ။ တန်ဖိုးရှိတဲ့ ဗီတာမင်ဒီရရှိစေတာကြောင့် ပိုမိုကျန်းမာလန်းဆန်းလာပါလိမ့်မယ်။

အားလပ်ရက်မှာနိုးစက်ပိတ်ပြီး အိပ်စက်လိုက်ပါ။ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလိမ့်မယ်။

အရေးပေါ်အသက်ကယ်နည်းကို လေ့လာပါ။

နေ့စဉ် လက်ထောက်မှောက်လေ့ကျင့်ခန်းကို ၁၀ ကြိမ်ပြုလုပ်ပေးပါ။

သင့်ကားထဲမှာ အရေးပေါ်အခြေအနေတွေအတွက် အရေးပေါ်သေတ္တာထည့်ထားပါ။ ထီး၊ ဆေးသေတ္တာ၊ မိုးကာစတာတွေ ပါဝင်နေပါစေ။

ဘာလေးပဲဖြစ်ဖြစ် ရယ်မောနိုင်အောင်ကြိုးစားပါ။ ကိုယ့်အမှား၊ ကိုယ့်အရှုံးအတွက်တောင် ရယ်နိုင်ရင် ဘဝကသာယာလှပနေမှာပါ။

ပျော်ပျော်နေတတ်သူတွေနဲ့ ခင်ခင်မင်မင်ပေါင်းဖော်ပါ။ စိတ်ခံစားမှုက ကူးစက်တတ်တာကြောင့် ပျော်တတ်တဲ့သူတွေနဲ့နေရင် သင်ပါပျော်ရွှင်မှု ရရှိစေပါတယ်။

အိမ်ထောင်ဖက်နဲ့အတူတူ ဟင်းချက်ပါ။ ဟင်းလျာတစ်ခွက်ကို အတူတကွချက်ပြုတ်ပြင်ဆင်တာ ဒါမှမဟုတ် တစ်ခုခုကို အတူဖန်တီးတာတို့ကြောင့် စကားစမြည်ပြောဖြစ်သလို ပိုမိုရင်းနှီးမှု ရှိစေပါတယ်။ ဒါ့အပြင် သင်ရောသင့်အိမ်ထောင်ဖက်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်လုပ်ဟင်းလျာကို ပိုမိုနှစ်ခြိုက်လာမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top