Healthy Life Ad
International

ကိုမာဖြစ်နေသည့် သနားစရာမိခင်က သားယောကျာ်းလေး မွေးဖွား

၊ မိုးမင်းထွန်း ၊

ကားမတော်တဆမှုကြောင့် သတိမေ့မျောမှုရောဂါ(ကိုမာ)ဖြစ်နေတဲ့ ချက်နိုင်ငံသူမိခင်တစ်ယောက်ဟာ သားယောကျာ်းလေးတစ်ယောက်ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဗီရိုနီကာတီလက်ဆာဟာ ကိုယ်ဝန် ၅ လရှိတဲ့အချိန်မှာ ကားမတော်တဆ ထိခိုက်မှုဖြစ်ခဲ့ပါတယ်။ ဦးနှောက်နဲ့လည်ပင်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်မိခဲ့ပြီး ဒဏ်ရာကြောင့် ကိုမာဖြစ်ခဲ့ပါတယ်။

သူကိုမာဖြစ်ပြီး ၃ လအကြာမှာ ဆရာဝန်တွေက ဗိုက်ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ “ဗီရိုနီကာရဲ့အခြေအနေဟာ ကြာရှည်ကိုယ်ဝန်ဆောင်ဖို့ မသင့်တော်ပါဘူး။ ကလေးကို ဗိုက်ခွဲမွေးနိုင်တဲ့ ကိုယ်အလေးချိန်ရောက်အောင် စောင့်ဆိုင်းခဲ့ရပါသေးတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကလေးဟာ မွေးဖွားချိန်မှာ ၄ ပေါင် ၅ ဒသမ၅ အောင်စရှိပြီး ကျန်းကျန်းမာမာရှိတယ်”လို့ သိရပါတယ်။

မွေးဖွားပြီးချိန်ကစပြီး ဗီရိုနီကာရဲ့ အခြေအနေဟာ တိုးတက်လာပြီး အချက်ပြမှုတွေကို ကောင်းစွာ တုံ့ပြန်လာနိုင်ကာ မျက်လုံးလည်း ဖွင့်နိုင်လာပြီလို့ ဆိုပါတယ်။ ခွဲစိတ်အဖွဲ့ခေါင်းဆောင် ဆရာဝန်က ပြောရာမှာ ဒီလိုခွဲစိတ်မှုမျိုးကို စာအုပ်ထဲမှာသာသင်ခဲ့ဖူးပြီး လက်တွေ့မကြုံဖူးဘူးလို့ ဆိုပါတယ်။ ဒါဟာ ၁၀ နှစ်မှာ တစ်ခါလောက်တောင် ကြုံတွေ့ဖို့မလွယ်ကူဘူးလို့ သူကပြောပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top