Healthy Life Ad
Child

သင့်ကလေး စိတ်ရောကိုယ်ပါ ကျန်းမာဖို့ဆိုရင်

– အစားအစုံအလင် ကျွေးပါ
ကလေးတွေက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို သိပ်မစားချင်ကြပါဘူး။ အဲဒီ အပင်ထွက်အစာတွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့အတွက် ကလေးကို ကြီးထွားသန်စွမ်းစေပါတယ်။

– တီဗီကြည့်ချိန်ကို ကန့်သတ်ပါ
ကလေးရဲ့ တီဗီကြည့်ချိန်၊ ကွန်ပျူတာသုံးချိန်နဲ့ ဂိမ်းဆော့ချိန်တွေက တစ်နေ့မှာ နှစ်နာရီထက် မပိုပါစေနဲ့။

– ပုံမှန် ဆရာဝန်နှင့် ပြသပါ
ကလေးကို ပုံမှန် ဆရာဝန်နဲ့ ပြသပေးတာက ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိရဲ့လားဆိုတာ သိရှိစေပါတယ်။

– အိပ်ရေးဝ၀ အိပ်ခိုင်းပါ
တစ်ည အိပ်ချိန် ၁၂ နာရီရှိမှ ကလေးတွေဟာ ကိုယ်ခန္ဓာရော ဉာဏ်ရည်ပါ ပြည့်ပြည့်ဝ၀ ဖွံ့ဖြိုးပြီး ကျန်းမာမှာ ဖြစ်ပါတယ်။

– ကစားခွင့်ပြုပါ
ကိုယ်လက်လှုပ်ရှားမှုက ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးနေတဲ့ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးပါတယ်။ ကလေးကို ခုန်ပေါက်ကစားဖို့ အားပေးပါ။

Most Popular

Healthy Life Ad
To Top