Healthy Life Ad
Q & A

ခေါင်းခဏခဏလျှော်ရင်ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ . . .

မေး။ ခေါင်းခဏခဏလျှော်ရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်နိုင်ပါသလဲ။ ဦးနှောက်ထဲ ရေဝင်ပြီး ဦးနှောက် အမြှေးရောင်တာမျိုး ဖြစ်တတ်ပါသလား။

လင်းယံ၊ ၁၇ လမ်း၊ လသာ။
ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ နေ့တိုင်း ခေါင်းလျှော်တာကတော့ ဦးနှောက ်အတွင်းပိုင်းတွေနဲ့ ပတ်သက်မှု သိပ်မရှိပါဘူး။ ဦးရေပြား နဲ့ ဦးနှောက်ကြားမှာ ဦးခေါင်းခွံက ခံထားတဲ့အတွက်ကြောင့် ရေစိမ့်ဝင်တာနဲ့ တခြားပြဿနာတွေ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ နေ့တိုင်းခေါင်းလျှော်ရင် ဆံပင်သား ကျန်းမာရေးနဲ့ပတ်သက်ပြီး ထိခိုက်နိုင်ပါတယ်။ နောက်တစ်ခုက နေ့တိုင်း ခေါင်းလျှော်ရင်၊ ရေချိုးတာကလည်း ကြာတယ်ဆိုရင် အအေးမိနိုင်ပါတယ်၊ နှစေးနိုင်ပါတယ်၊ နှာချေပြီးနှာရည်ယိုနိုင်ပါတယ်၊ အာရုံကြောတွေ ကျဉ်တာ၊ ကိုက်တာဖြစ်နိုင်ပါတယ်။ ရေနွေးနဲ့ခေါင်းလျှော်တယ်ဆိုရင် အအေးမိတာကိုလည်း မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top