Healthy Life Ad
Health Tips

သဘာဝအတိုင်း တင်းရင်းပြည့်ဖြိုးတဲ့ ရင်သားအလှရရှိစေဖို့ ဘာတွေလုပ်သင့်သလဲ . .

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ခွဲစိတ်ပြုပြင်မှု လုပ်စရာမလိုဘဲ သဘာဝအတိုင်း တင်းရင်းပြည့်ဖြိုးတဲ့ ရင်သားအလှရရှိဖို့က အလှကြိုက်တဲ့ ပျိုမေတွေရဲ့ ဆန္ဒဖြစ်မှာပါ။ ခွဲစိတ်ပြုပြင်တဲ့ ကုသမှုနည်းလမ်းတွေက ရင်သားကို ချက်ချင်း ပြည့်တင်း ကြီးမားလာစေပေမယ့် နာကျင်မှုအပါအဝင် တခြားဘေးထွက်ဆိုးကျိုး အနည်းအများကို လည်း ရရှိစေနိုင်ပါတယ်။ ဒါကြောင့် အန္တရာယ်ကင်းကင်းနဲ့ သဘာဝကျကျ တင်းရင်းပြည့်ဖြိုးတဲ့ ရင်သား အလှပိုင်ဆိုင်စေဖို့အတွက် အောက်ပါနည်းလမ်းတွေ ကို လုပ်ဆောင်သင့်ပါတယ်။

– ပရိုတင်း ပါဝင်မှုများသည့် အစာများများ စားပါ

အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းဟော်မုန်းတွေ က ရင်သားအရွယ်အစားကို ဆုံးဖြတ်ပေးတဲ့ ဟော်မုန်းတွေ ဖြစ်ပါတယ်။ သင်က ရင်သားပြည့်ဖြိုးချင် တယ်ဆိုရင် သင့်ခန္ဓာကိုယ်ကနေ ဒီဟော်မုန်းတွေ အလုံအလောက် ထွက်ရှိဖို့ အရေးကြီးပါတယ်။ သင်စား နေကျ အစာထဲ ပရိုတင်းဓာတ်ပါတာကြောင့် ဟော် မုန်းထုတ်လုပ်မှုကို ကောင်းမွန်စေပါတယ်။ အဆီနည်း ဝက်သား၊ ဆိတ်သား၊ ကြက်နဲ့ ငါးတွေမှာ ပရိုတင်း ဓာတ် ပါဝင်မှု များပါတယ်။
သက်သတ်လွတ်စားသူဆိုရင် ပဲသီး၊ ကုလားပဲ၊ အခွံမာသီး၊ တိုဟူးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက် တွေစားပြီး ပရိုတင်းဓာတ် ရယူသင့်ပါတယ်။

– အီစထရိုဂျင် ပါဝင်သည့် အစာများ စားပါ

အီစထရိုဂျင်ဟော်မုန်းက အမျိုးသမီးတစ်ဦးရဲ့ ရင်သားအရွယ်အစားအပေါ် တိုက်ရိုက်သက်ရောက် စေပါတယ်။ အီစထရိုဂျင်ဟော်မုန်း ပါတဲ့ အစာတွေ က နေကြာစေ့၊ ပဲပုပ်စေ့၊ ပဲသီး၊ ဥအမျိုးမျိုးနဲ့ အသား တွေ ဖြစ်ကြပါတယ်။

– သွေးလှည့်ပတ်မှု ကောင်းစေသည့် အစာများများ စားပါ

သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အစာတွေ စားပေးရင် ခန္ဓာကိုယ်အချိုးအစားကို ပိုကြည့်ကောင်းစေ ပါတယ်။ သွေးလှည့်ပတ်မှု ကောင်းမွန်တာကြောင့် ရင်သားအတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ အောက်ဆီဂျင်နဲ့ ဟော်မုန်းတွေကို ရောက်ရှိစေပြီး ရင်သား အရွယ်အစားကြီးလာစေပါတယ်။
သွေးလှည့်ပတ်မှု ကောင်းစေတဲ့ အစာတွေက ကြက်သွန်ဖြူ၊ အညိုရောင် ချောကလက်၊ နေကြာစေ့၊ ချင်း(ဂျင်း)၊ အချဉ်အရသာရှိတဲ့ အသီးတွေ၊ ငရုတ်ပွသီး၊ မုန်လာဥနီ၊ ကညွတ်၊ ထောပတ်သီးနဲ့ ဖရဲသီးတို့ ဖြစ်ကြပါတယ်။

– ရင်သားကို နှိပ်နယ်ပေးပါ

ရင်သား ကြီးလာစေဖို့ လုပ်သင့်တဲ့ အရာတစ်ခု က ပုံမှန် နှိပ်နယ်ပေးဖို့ပဲ ဖြစ်ပါတယ်။ မနက်ခင်းမှာ အချိန် ၁၅ မိနစ်နဲ့ ညမှာ အချိန် ၁၅ မိနစ်ကြာနှိပ်ပေးပါ။ ရင်သားကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးတာကြောင့် သွေးစီးဆင်းမှု ကောင်းမွန်စေပြီး ရင်ဘတ်တစ်ဝိုက် မှာ မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်နဲ့ ဟော်မုန်း တွေ ရောက်ရှိစေပါတယ်။
ရင်သားကို နှိပ်နယ်ပေးတာကြောင့် ရင်သား တစ်သျှူးကြီးထွားစေတဲ့ ပရိုလက်တင်ဟော်မုန်း ထွက်ရှိစေပါတယ်။

– ရင်အုပ်ကြွက်သားများအတွက် ကောင်းမွန်သည့် လေ့ကျင့်ခန်းမျိုးစုံ လုပ်ဆောင်ပါ

ရင်အုပ်ကြွက်သားနဲ့ ရင်သားအပေါ် တိုက်ရိုက် သက်ရောက်မှုရှိတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင် တာကြောင့် ရင်သားကို တင်းရင်း ပြည့်ဖြိုးလာစေ ပါတယ်။ လက်ထောက်မှောက် လေ့ကျင့်ခန်းလုပ် ဆောင်တာက ရင်အုပ်ကြွက်သားတွေကို တင်းရင်း သန်စွမ်းစေပါတယ်။ အလေးမလေ့ကျင့်ခန်းက လည်း လက်မောင်းနဲ့ပခုံးတွေကို ပြည့်တင်းစေပြီး ရင်သားကို ပိုကြီးမားလာစေပါတယ်။

Most Popular

Healthy Life Ad
To Top