Healthy Life Ad
Life Style

သင်အကြိုက်ဆုံးပန်းကိုကြည့်ပြီး သင့်အကြောင်းပြောပြမယ်

၊ ကိုထက် ၊

မိမိကြိုက်နှစ်သက်တဲ့ အရာပစ္စည်းလေးတွေကိုကြည့်ပြီး မိမိမှာရှိတဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသကို သိရှိနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဘယ်လိုပန်းကိုကြိုက်တဲ့သူက ဘယ်လိုစိတ်နေသဘောထား ရှိတတ်သူတွေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အောက်ပါပန်းလေးတွေထဲ သင်အကြိုက်ဆုံးပန်းတစ်မျိုးကိုရွေးပြီး သင့်အကြောင်းကိုလေ့လာကြည့်လိုက်ပါဦး။

fw1

သင်က သစ်ခွပန်းကို အကြိုက်ဆုံးလား

သင်ကသစ်ခွပန်းကို အကြိုက်ဆုံးပန်းအဖြစ် ရွေးထားသူဆိုရင် သင်ဟာခေတ်ဆန်တဲ့သူပါ။ ဆန်းဆန်းပြားပြားတွေကို သဘောကျလေ့ရှိပြီး တန်ဖိုးကြီးတာ၊ ခေတ်မီတာတွေကို ပိုသဘောကျတတ်သူပါ။ အခင်မင်ဆုံးသူငယ်ချင်းတွေနဲ့သာ ပိုမိုတွဲလေ့ရှိပြီး မိတ်ဆွေသူငယ်ချင်းအသစ်တွေ သိပ်ပြီးရှာလေ့မရှိပါဘူး။ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောတတ်ပေမယ့် တစ်ခါတလေတော့လည်း နားလည်ရခတ်တဲ့သူ ဖြစ်နေတတ်ပါတယ်။ ရှည်ရှည်ဝေးဝေးသိပ်မစဉ်းစားတတ်ဘဲ လက်ရှိအခြေအနေကိုသာ ရှေးရှုတတ်သူတွေပါ။

fw5

သင်က ဇီဇဝါပန်းကို အကြိုက်ဆုံးလား

ဇီဇဝါပန်းကို အကြိုက်ဆုံးသူတွေရဲ့ စိတ်နေသဘောထားကတော့ စူးစမ်းစိတ်ရှိသူတွေ ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်ချင်စိတ် ရှိကြသူတွေပါ။ ခရီးသွားရတာကို သဘောကျတတ်ကြပြီး အခက်အခဲတွေတွေ့လည်း နောက်ဆုတ်တတ်တဲ့အကျင့် မရှိပါဘူး။ သိပ်ပြီးစိတ်ကူးယဉ်မဆန်တတ်ပေမယ့် အနုအရွလေးတွေကိုတော့ သဘောကျတတ်ပါတယ်။ သင့်ရဲ့ ချိုသာပြီးအပြစ်ကင်းစင်တဲ့ အကျင့်စရိုက်လေးတွေကြောင့်ပဲ သင့်လက်တွဲဖော်ကသင့်ကို သံယောဇဉ်တွယ်နေတာပဲ ဖြစ်ပါတယ်။

fw7

သင်က နှင်းဆီပန်းကို အကြိုက်ဆုံးလား

သင်အကြိုက်အနှစ်သက်ဆုံးပန်းက နှင်းဆီပန်းဖြစ်မယ်ဆိုရင်တော့ သင်ဟာကဗျာဆန်ဆန်လေးတွေကို သဘောကျတတ်တဲ့သူဆိုတာ မလွဲပါဘူး။ ခေတ်ဆန်တဲ့ပစ္စည်းတွေကို သဘောကျပေမယ့် ရိုးရာဓလေ့တွေကို ပိုမိုနှစ်သက်တတ်သူပါပဲ။ ရိုးရိုးရှင်းရှင်းဘဝကို ပိုမိုခုံမင်တတ်သူတွေပဲ ဖြစ်ကြပါတယ်။ နှင်းဆီပန်းကိုကြိုက်နှစ်သက်ကြတဲ့ မိန်းကလေးတွေကများသောအားဖြင့် အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရလိုတဲ့ ဝါဒရှိသူတွေဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။ အတွေးတွေကနက်ရှိုင်းတတ်ပြီး သင့်လက်တွဲဖော်ကတော့ သင်အကြိုက်လေးတွေကိုသိထားဖို့ လိုပါလိမ့်မယ်။

fw3

သင်က လီလီပန်းကို အကြိုက်ဆုံးလား

လီလီပန်းကို ကြိုက်နှစ်သက်သူတွေရဲ့ စိတ်နေသဘောထားက ထောက်ထားကြင်နာတတ်ပါတယ်။ အားလုံးက အသိအမှတ်ပြုလောက်အောင် သနားကြင်နာတတ်သူတွေ ဖြစ်တတ်ပါတယ်။ သူတစ်ပါးကိုကူညီရတာ၊ ဂရုစိုက်စောင့်ရှောက်ရတာကို ပျော်ရွှင်နေတတ်ကြသူတွေပါ။ ခင်မင်ဖော်ရွေတတ်ပြီး မိခင်တစ်ယောက်လို နှလုံးသားရှိသူတွေဖြစ်တဲ့အတွက် သူငယ်ချင်းတွေရော မောင်နှမမိသားစုကပါ သင့်ကိုလေးစားချစ်ခင်တတ်ကြပါတယ်။ မာနကိုချိုးနှိမ်ထားလေ့ရှိပြီး မိမိကိုယ်ကိုယ်တန်ဖိုးထားသူတွေလည်း ဖြစ်ပါတယ်။

fw8

သင်က ကာနေရှင်းပန်းကို အကြိုက်ဆုံးလား

ကာနေရှင်းပန်းကို အကြိုက်ဆုံးဆိုသူတွေက ဟန်မဆောင်တတ်တဲ့သူတွေပါ။ အပေါင်းအသင်းမိတ်ဆွေတွေအပေါ် လေးလေးစားစားဆက်ဆံတတ်ပြီး အလေးထားတတ်ကြပါတယ်။ လျှို့ဝှက်တတ်တာမရှိတဲ့အတွက် အပေါင်းအသင်းတွေရဲ့ယုံကြည်မှုကို အပြည့်အဝရထားကြသူတွေပါ။ စတိုင်ကျကျနေတတ်လေ့ရှိပါတယ်။ ဘဝကိုရိုးရှင်းစွာနေရတာ သဘောကျတတ်ပါတယ်။ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကိုတော့ သိပ်မလိုလားတတ်ပါဘူး။ ကာနေးရှင်းပန်းတွေကို အကြိုက်ဆုံးဆိုတဲ့သူတွေဟာ အစီအစဉ်တွေထိုင်ပြီးတွေးနေတာထက် လက်တွေ့ ပြုလုပ်လိုက်တာကို ပိုပြီးသဘောကျလေ့ ရှိပါတယ်။ လက်တွဲဖော်က သင်ရဲ့လမ်းညွှန်မှုတွေနဲ့ အကြံဉာဏ်တွေကို လက်ခံလိုက်နာလေ့ရှိပါတယ်။

fw4

သင်က နေကြာပန်းကို အကြိုက်ဆုံးလား

အပွင့်ကြီးကြီးနဲ့ အဝါရောင်နေကြာပန်းတွေကို အကြိုက်ဆုံးလို့ဆိုသူတွေကတော့ ဖော်ရွေသူတွေဖြစ်ပြီး နွေးထွေးကြသူတွေပါ။ လူကြားထဲမှာ ထင်ပေါ်ချင်ကြသူတွေပါ။ အရာရာကို အကောင်းဘက်ကကြည့်ပေးတတ်ပြီး စိတ်ကူးယဉ်တတ်သူတွေလည်း ဖြစ်ပါတယ်။ အပေါင်းအသင်းတွေများပေမယ့် အလုပ်ကိစ္စတွေကိုတစ်ယောက်ထဲ တိတ်တဆိတ်လုပ်ရတာကို ပိုပြီးသဘောကျတတ်ကြပါတယ်။

fw9

သင်က ဒေစီပန်းကို အကြိုက်ဆုံးလား

ဒေစီပန်းလေးတွေကို အကြိုက်ဆုံးဆိုတဲ့သူတွေကတော့ လှပတဲ့သဘာဝကို သဘောကျတတ်သလို တော၊တောင်တွေနဲ့ရေတံခွန်တွေကို အလွန်သဘောကျတတ်ကြပါတယ်။ ခရီးသွားရတာကိုဝါသနာပါပြီး အမြဲလိုလိုရွှင်လန်းတတ်ကြွစွာ နေတတ်သူပါ။ မိတ်ဆွေအပေါင်းအသင်းတွေက သင့်ကိုအမြဲ ကြိုဆိုနေတတ်ကြပါတယ်။ ဒေစီပန်းကို ကြိုက်နှစ်သက်သူတွေကတော့ သဘာဝလောကကြီးမှာ အားလုံးအကောင်းတွေချည်းသာဆိုတဲ့ ဝါဒရှိသူတွေဖြစ်တတ်ပါတယ်။ သင်ရဲ့ ပွင့်လင်းမှုနဲ့ ပျော်ပျော်နေတတ်တဲ့အတွက် သင့်လက်တွဲဖော်ကသင့်ကို မြတ်မြတ်နိုးနိုးတွယ်တာနေတတ်ပါတယ်။

fw2

သင်က ကျူလစ်ပန်းကို အကြိုက်ဆုံးလား

ကျူလစ်ပန်းကို အကြိုက်ဆုံးသူတွေဟာ သနားကြင်နာတတ်တယ်၊ ပေးကမ်းရက်ရောလေ့ ရှိပါတယ်၊ စကားပြောချိုသာတတ်ပါတယ်၊ အတွေးအခေါ်အမြင်ရှိပြီး ခံစားလွယ်တတ်ပါတယ်။ မိသားစုအပေါ်ချစ်ခင်မြတ်နိုးပြီး ခရီးသွားလာရတာကိုတော့ သိပ်မကြိုက်တတ်ပါဘူး။ အပြောင်းအလဲတွေ ဘယ်လိုဖြစ်ဖြစ်အဆင်ပြေအောင် လိုက်လျောညီထွေနေတတ်သူပါ။ လူတွေနဲ့ ပေါင်းသင်းရလွယ်ကူတတ်သူတွေပါ။ လက်တွဲဖော်ကိုပျော်အောင်ထားပြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်တဲ့သူပါ။

fw6

သင်က ကြာပန်းကို အကြိုက်ဆုံးလား

ကြာပန်းကြိုက်နှစ်သက်တဲ့သူတွေဟာ တီထွင်နိုင်စွမ်း ရှိတတ်ကြပါတယ်။ သဘာဝတရားရဲ့ သဘောသဘာဝတွေကိုနားလည်ပြီး သဘောကျနှစ်သက်သူတွေပါ။ အသစ်အသစ်တွေကို ရှာဖွေရတာကို ပျော်နေတတ်သူပါ။ လုပ်ရိုးလုပ်စဉ်တွေ၊ ထပ်တလဲလဲလုပ်နေရတာတွေကို မကြိုက်ဘဲလုပ်ရမှာလည်း ပျင်းတတ်ပါတယ်။ ကြာပန်းလေးတွေကို သဘောကျနှစ်သက်တဲ့သူတွေကလည်း အကောင်းမြင်သမားတွေဖြစ်ကြပြီး စိတ်ကူးယဉ်ဆန်ကြပါတယ်။ တစ်ခါတလေ သရဲဆိုတာတကယ်ရှိသလားဆိုတဲ့ အတွေးတွေတွေးပြီး ကြောက်တတ်သူတွေလည်း ဖြစ်ပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top