Healthy Life Ad
Health Tips

ထုံးစံမဟုတ်ဘဲ ထိရောက်မှုရှိနေသည့် ကျန်းမာရေးအကျင့်ကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ပုံမှန် လုပ်နေကျမဟုတ်ဘဲ လုပ်လိုက်တဲ့ အမူအကျင့်တွေက ကျန်းမာရေးအတွက် ထိရောက်မှု ရှိနေတာကို သိပ္ပံနည်းကျ လေ့လာတွေ့ရှိထားတာ ဖြစ်ပါတယ်။

(၁) များများစားခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျနိုင်
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဒိန်ချဉ် စတဲ့ အာဟာရဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကို များများစားသောက်တာကြောင့် ဗိုက်ပြည့်ပြီး ထမင်းစားတဲ့အခါ အများကြီး မစားဖြစ်တော့ဘူး။ ဒါက သင့်ကို ကိုယ်အလေးချိန် ထိန်းရာရောက်ပါတယ်။

(၂) စားသောက်ပြီး ချက်ချင်းသွားမတိုက်ခြင်းဖြင့် သွားကျန်းမာစေနိုင်
အက်ဆစ်များတဲ့ အစားအသောက်တွေကို စားသောက်ပြီး သွားတိုက်ရင် သွားကြေလွှာကို ပျော့သွားစေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးပြီးချင်း သွားမတိုက်ဘဲ မိနစ် ၃၀-၆၀ ကြာ စောင့်ပြီးမှ သွားတိုက်သင့်ပါတယ်။

(၃) ပင်ပန်းသည့်အခါ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သက်သာစေနိုင်
တစ်နေ့လုံး တီဗီကြည့်လိုက်၊ အိပ်ရာထဲ လှဲလိုက်လုပ်နေရင်း စွမ်းအင်မရှိဘဲ ပင်ပန်းသလိုလို ခံစားချက်မျိုးဖြစ်ဖူးမှာပါ။ အဲဒီအခါ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်တာမျိုးက သင့်ကို စွမ်းအင်ရှိစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ မောပန်းတဲ့ ခံစားချက်ကိုရပ်ပစ်နိုင်ပြီး စွမ်းအင်ကို ပိုရှိလာအောင် အားဖြည့်ပေးပါတယ်။ ပင်ပန်းနေချိန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာကြောင့် တစ်ကိုယ်လုံး သွေးလှည့်ပတ်မှု ကောင်းပြီး နိုးကြားတက်ကြွလာပါလိမ့်မယ်။

(၄) ပန်းသီးနံ့ ရှူခြင်းဖြင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်စေနိုင်
‘တစ်နေ့ ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေနိုင်တယ်’ ဆိုတဲ့ စကားကြားဖူးမှာပါ။ လေ့လာမှုအရ ပန်းသီးစိမ်းနံ့ ရှူရှိုက်တာကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ပန်းသီးရဲ့ စိတ်ကြည်နူးစေတဲ့ အနံ့ဟာ အပန်းပြေစေပြီး စိတ်တင်းအားကို လျော့ပါးစေပါတယ်။
(Def; HD)

Most Popular

Healthy Life Ad
To Top