Healthy Life Ad
Life Style

စိတ်အားငယ်တတ်တဲ့သူကို အားပေးတဲ့အခါ . . .

မေး. စိတ်အားငယ်တတ်တဲ့သူ၊ စိတ်ဓာတ်ကျလွယ်/တက်လွယ်သူတွေကို စိတ်ဓာတ်ပုံမှန်ဖြစ်လာအောင် ဘေးကလူတွေက ဘယ်လိုပံ့ပိုးပေးသင့်ပါသလဲ။
ဒေါ်မြဝင်း၊ မန္တလေး။

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး(ငြိမ်း)၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. စိတ်အားငယ်တတ်တဲ့သူက ကိုယ်ရည်ကိုယ်သွေးအရအားငယ်လို့ စိတ်အားငယ်တတ်တာလား၊ ဖိစီးမှုတွေကြောင့် စိတ်အားငယ်တတ်တာလား၊ ရောဂါကြောင့်စိတ်အားငယ်တတ်တာလား . . စတဲ့ အချက်တွေကိုကြည့်ရပါမယ်။ ဒီအချက်တွေက အခြေခံသဘောတရားချင်းမတူပါဘူး။

စိတ်အားငယ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ်ဆိုရင် အားကိုးရာရှိတယ်လို့ သိတဲ့အခါ စိတ်သက် သာရာရပါလိမ့်မယ်။ အားကိုးရမယ့်သူက သူရဲ့မိတ်ဆွေဖြစ်ချင်ဖြစ်မယ်၊ မိဘဖြစ်ချင်ဖြစ်မယ်၊ ဆွေမျိုး သားချင်း ဖြစ်ချင်ဖြစ်မယ်၊ သူငယ်ချင်း ဖြစ်ချင်ဖြစ်မယ်၊ အိမ်ထောင်သည်ဆိုရင် လက်တွဲဖော်အိမ်ထောင်ဖက် ဖြစ်ချင်ဖြစ်မယ် . .အဓိကက သူ့စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေကို ပွင့်ပွင့်လင်းလင်း ပြောပြနိုင်တဲ့သူဖြစ်ဖို့တော့ လိုပါတယ်။

သူဖြစ်နေတဲ့အကြောင်း၊ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာအခက်အခဲ စတာတွေကို နားလည်ပြီး သေချာ နားထောင်ပေးရပါမယ်။ ဆရာတို့ဆေးကုတဲ့အခါ ကုတဲ့သမားကိုယုံရင် လူနာရဲ့ ရောဂါတစ်ဝက် သက်သာပါတယ်။ အလားတူပဲ သူပြောတာကို သေချာနားထောင်ပေးလိုက်ရင် သူ့အပူတစ်ဝက်လျော့သွား ပါလိမ့်မယ်။

ကျန်တဲ့ အပူတစ်ဝက်လျော့အောင် သူဖြစ်နေတဲ့ပြဿနာရဲ့အခြေခံကို ပြန်ဆွေးနွေးပေးလိုက်တဲ့အခါ ထွက်လမ်းကို သူ့ဘာသာမြင်လာပါတယ်။ နားထောင်တဲ့သူက ဆရာကြီးမလုပ်ရဘူး၊ အမိန့်မပေးရဘူး၊ “ဟိုလိုလုပ် . . ဒီလိုလုပ်” ဆိုပြီး ဆရာမလုပ်ရဘူး။

ဒီနေရာမှာ အကြံပေးလမ်းညွှန် ဆွေးနွေးမှုဆိုတဲ့ Conuselling က လိုအပ်လာပါတယ်။ ဒါဆိုရင် ဆေးမပါဘဲ ဝေဒနာ ၈၀ ရာခိုင်နှုန်းတောင် သက်သာသွား နိုင်ပါတယ်။ မိတ်ဆွေကောင်းဆိုတာ လောကီအတွက်သာမကဘဲ သံသရာခရီးအတွက်ပါ အဖော်ကောင်း ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top