Healthy Life Ad
International

အမဲသားအစိမ်းစားလေ့ရှိသူ၏ ဝမ်းဗိုက်အတွင်းမှ ပေ ၂၀ ရှည်သော တုတ်ပြားကောင်တွေ့ရှိ

၊ မိုးမင်းထွန်း ၊

အမဲသားအစိမ်းစားသောက်ရတာကိုနှစ်သက်တဲ့ တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံး နာတာရှည်ဝမ်းဗိုက်အောင့်တဲ့ ဝေဒနာကိုခံစားခဲ့ရပါတယ်။
Untitled-3

ဆရာဝန်မျိုးစုံကို သွားရောက်ပြသခဲ့ရာမှာ သာမန်ဝမ်းဗိုက်အောင့်ဝေဒနာအတွက်ပဲ ကုသပေးခဲ့ကြတယ်လို့ဆိုပါတယ်။ မကြာသေးမီက ၃ရက်အတွင်း ကိုယ်အလေးချိန် ၂၂ ပေါင်ကျဆင်းသွားပြီးနောက် ဆရာဝန်တွေဆီ သွားရောက်ပြသခဲ့ပါတယ်။
Untitled-4

စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ၃၃ နှစ်အရွယ်အမျိုးသားရဲ့မစင်ထဲမှာ တုတ်ပြားဥတွေကို ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ လူနာကို သန်ချဆေးနဲ့ဝမ်းနုတ်ဆေးတို့ကို တိုက်ကျွေးခဲ့ရာ ၂နာရီခွဲအကြာမှာ လူနာဟာဝမ်းသွားခဲ့ပြီး လူနာရဲ့မစင်ထဲမှာ ပေ ၂၀ ရှည်တဲ့ တုတ်ပြားကောင်အသေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
Untitled-2

ကျွဲနွားတွေကနေ လူကိုကူးစက်နိုင်တဲ့ ဒီတုတ်ပြားကောင်အမျိုးအစားဟာ အစိမ်းဒါမှမဟုတ် မကျက်တကျက် ချက်ပြုတ်ထားတဲ့အမဲသားကို စားသုံးမိတဲ့အခါ ကူးစက်နိုင်တယ်လို့သိရပါတယ်။ တုတ်ပြားကောင်ဟာ လူရဲ့အူမှာ တွယ်ဆက်နေထိုင်ပြီး အများဆုံး ၃၃ ပေအရှည်ထိ ကြီးထွားနိုင်ကြကာ ရောဂါလက္ခဏာသိသိသာသာပြသမှုမရှိဘဲ ခန္ဓာကိုယ်အတွင်းမှာ နှစ်ပေါင်းများစွာကြာ နေထိုင်နိုင်ကြတယ်လို့လည်းသိရပါတယ်။
Untitled-5

ထင်ရှားတဲ့ရောဂါလက္ခဏာတွေကတော့ ဝမ်းဗိုက်အောင့်တာ၊ အော့အန်တာ၊ ခံတွင်းပျက်တာ၊ ကိုယ်အလေးချိန် သိသိသာကျဆင်းတာနဲ့ အားနည်းတာတို့ဖြစ်ကြပါတယ်။ အခုအခါ အဆိုပါတရုတ်အမျိုးသားဟာ အမဲသားအစိမ်းစားတဲ့ အလေ့အကျင့်ကို စွန့်လွှတ်ပြီး ကျန်းကျန်းမာမာနေထိုင်နေပြီလို့လည်း သိရပါတယ်။

Most Popular

Healthy Life Ad
To Top