Healthy Life Ad
Q & A

အဖြူဆင်းပြီး အနံ့မကောင်းဘူး . . .

မေး – အဖြူအရည်တွေဆင်းပြီး အနံ့က သိပ်မကောင်းဘူး။ တစ်ခါတလေ ဆေးနံ့လို အနံ့ရတယ်။ ဘာလို့လဲ မသိဘူး။
မြတ်ကေကြူ Fb

# ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည်။

ဖြေ – မိန်းကလေးတွေမှာ အဖြူဆင်းတာ သဘာဝပါ။ ယေဘုယျအားဖြင့် ပြောရရင် သဘာဝအဖြူဆိုတာ ရှိပါတယ်။ သဘာဝအဖြူဆိုတာ ပုံမှန်အားဖြင့် အရောင်၊ အနံ့၊ အဖတ်အဖတ် စတာတွေ သိပ်မပါတတ်ပါဘူး။ တစ်ခုတော့ ရှိတာပေါ့ . . အဖြူရဲ့ပင်ကို အနံ့တော့ ရှိနိုင်တာပေါ့။ စဆင်းခါစကတော့ အကြည် ပဲ၊ အတွင်းခံဘောင်းဘီနဲ့ ထိတွေ့ပြီး ကြာသွားရင် နည်းနည်း ဝါကြန့်ကြန့် ဖြစ်သွားတာ ရှိနိုင်ပါတယ်။

နောက်ပြီးတော့ အဖြူဆင်းတဲ့ အနံ့ဆိုတာ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့လည်း ဆိုင်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းတယ်ဆိုရင်တော့ အနံ့ဆိုးတွေတော့ ပါနိုင်တာပေါ့။ အဖြူဆင်းပြီး ယားတာ၊ အနံ့မှာ ထူးခြားတဲ့ အနံ့ (ဥပမာ ငါးညှီနံ့ရတာ၊ ပုပ်စော်နံတာ)၊ အဖြူမှာ အဖတ်အဖတ်တွေပါတာ၊ မိန်းမကိုယ်က ယားလို့ နေရထိုင်ရခက်ပြီး ကုတ်ခြစ်နေရတာ၊ ပူစပ်ပူလောင် ဖြစ်တာတို့ ဖြစ်ရင်တော့ ဂရုစိုက်ရပါမယ်။ ရောဂါပိုးတွေဝင်တာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သားအိမ်ခေါင်းကင်ဆာမှာ အဖြူဆင်းရင် ညှီစို့စို့ ပုပ်အဲ့အဲ့အနံ့မျိုး ထွက်တတ်ပါတယ်။ အဖြူဆင်းရင် သွေးစပါတတ်တယ်။ အဲဒီအခါဆိုရင် အရေးကြီးပါတယ်။ ဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါတယ်။ ဆေးဆိုတာ အမျိုးမျိုးရှိတာကြောင့် ဆေးနံ့ နံတယ်ဆိုတာ ကတော့ မပြောတတ်ပါဘူး။ မသင်္ကာရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top