Healthy Life Ad
Q & A

ရာသီမမှန်ရင် ကလေးရနိုင်သလား . .

မေး – ရာသီမမှန်ဘူးဖြစ်နေပါတယ်။ ရာသီမမှန်ရင် ကလေးရနိုင်ပါသလား။
မီမီကျော် Fb

# ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည်။

ဖြေ – ကလေးရတဲ့ကိစ္စက အကြောင်းတစ်ခုတည်းပေါ် မှာတော့ မူတည်မနေပါဘူး။ ဒါပေမဲ့ ရာသီမှန်မှန် လာတဲ့ မိခင်လောင်းကတော့ ရာသီမှန်မှန်မလာတဲ့ မိခင်လောင်းထက် ကလေးရနိုင်ခြေက ပိုများတာပေါ့။ ရာသီမှန်မှန် လာတယ်ဆိုတဲ့ အဓိပ္ပာယ်က သားဥလေးတွေ မှန်မှန်ကြွေနေတယ်လို့ ဆိုလိုရာ ရောက်တယ်လေ။ အဲဒီတော့ ရာသီမှန်မှန်မလာဘူး ဆိုရင် သားဥလေးတွေ မှန်မှန်မကြွေတဲ့ သဘောပါပဲ။

ရာသီမှန်မှန်မလာရင် ကလေးရနိုင်ခြေတော့ ပိုနည်းတာပေါ့။ ဒါပေမဲ့ လုံးဝ မရဘူးလို့တော့ မပြောနိုင်ပါဘူး။ တစ်ခါတလေကျရင် ကလေးမွေးပြီး ရာသီမလာဘဲနဲ့ နောက်ကလေး ထပ်ရှိသွားတာ တွေလည်းရှိတာပါပဲ။ ဒါကြောင့် ရာသီလာတာလေး၊ မလာတာလေး တစ်ခုတည်းနဲ့တော့ ကလေးရ၊ မရ ပြောလို့မရပါဘူး။ တခြားအချက်တွေ အကုန်လုံး ကိုလည်း ကြည့်ဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top