Healthy Life Ad
Health Tips

အကြောပြတ်ရာများ ကင်းစင်စေမည့် လေ့ကျင့်ခန်း

၊ ကိုထက် ၊

အိမ်မှာပြုလုပ်ရလွယ်ကူတဲ့ အောက်ပါလေ့ကျင့်ခန်းတွေက ပေါင်၊ တင်ပါး၊ ဝမ်းဗိုက်တွေမှာရှိတဲ့ အကြောပြတ်ရာတွေကို ကင်းစင်စေပါတယ်။

e1

(၁) ခြေထောက်မြှင့်သည့် လေ့ကျင့်ခန်း
ပုံမှာပြထားတဲ့အခါ ဖျာပေါ်လှဲပြီး ခြေထောက်ကိုနံရံပေါ် ထောက်ထားပါ။ ခြေထောက်မြှင့်တဲ့လေ့ကျင့်ခန်းက ခြေသလုံးကြွက်သားတွေကို သန်စွမ်းတင်းရင်းစေပါတယ်။

e2

(၂) ကိုယ်လှည့် လေ့ကျင့်ခန်း
ကြမ်းပြင်ပေါ်လှဲပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်မြှင့်ကာ ဘယ်ညာလှည့်ပေးပါ။ ဝမ်းဗိုက်ရှိ အကြောပြတ်ရာတွေကို လျော့ပါးစေပါတယ်။

e3

(၃) ဆောင့်ကြောင့်ထိုင်သည့် လေ့ကျင့်ခန်း
ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ဆန့်တန်းပြီး ဆောင့်ကြောင့်ထိုင်တာကြောင့် တင်ပါး၊ ပေါင်နဲ့ ဝမ်းဗိုက်တွေကို သန်စွမ်းကာ အကြောပြတ်ရာ လျော့ပါးစေပါတယ်။

e4

(၄) အလေးမသည့် လေ့ကျင့်ခန်း
လေ့ကျင့်ခန်းဘောလုံး ဒါမှမဟုတ် ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး အလေးမကာပုံပါအတိုင်း ညာဘက်နဲ့နောက်ဘက်သို့ လွှဲပေးပါ။ ဘယ်ညာတစ်ဖက်စီအလေးမကာ လေ့ကျင့်ခန်းလုပ်ရင် လက်မောင်းကြွက်သားတွေကို သန်စွမ်းစေပါတယ်။

e5

(၅) ခြေထောက်ဘေးလွှဲသည့် လေ့ကျင့်ခန်း
ပုံမှာပြထားတဲ့အတိုင်း ဖျာပေါ်ကိုယ်တစ်စောင်းလှဲပြီး ခြေထောက်တစ်ချောင်းကို မြှင့်တင်ပေးတဲ့နည်းဟာ ပေါင်တံကြွက်သားတွေကို သန်စွမ်းစေတဲ့အပြင် တင်ပါးကြွက်သားတွေကို တင်းရင်းစေပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်ကြွက်သားတွေကိုလည်း သန်စွမ်းစေပြီး အကြောပြတ်ရာတွေ လျော့ပါးစေပါတယ်။

e6

(၆) ပေါင်တံ လေ့ကျင့်ခန်း
လမ်းလျှောက်တာ၊ ပြေးတာနဲ့ စက်ဘီးစီးတာတွေက ပေါင်တံကြွက်သားတွေကို တင်းရင်းစေတဲ့ လေ့ကျင့်ခန်းတွေဖြစ်ကြပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေလုပ်ချိန်မှာ နှစ်ဆအားထုတ်လေလေ၊ သင့်ပေါင်တံတွေ ပိုမိုတင်းရင်းလာလေလေ ဖြစ်မှာပါ။

Most Popular

Healthy Life Ad
To Top