Healthy Life Ad
Q & A

လက်ဖက်ရည်၊ ကော်ဖီနှင့် ရင်တုန်ခြင်း . . .

မေး – လက်ဖက်ရည်၊ ကော်ဖီသောက်ရင် ရင်တုန်တာ ဘာကြောင့်ပါလဲ။ ရောဂါအခံ ရှိနေလို့ပါလား။ ဘယ်လို လူမျိုးတွေက လက်ဖက်ရည်၊ ကော်ဖီသောက်ရင် ရင်တုန်တာ ဒါမှမဟုတ် အသားတွေတုန်တာ ဖြစ်တတ်ပါ သလဲ ဆိုတာ သိချင်ပါတယ်။
မာမာစိုး၊ နတ်မောက်။

# ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည်။

ဖြေ – လက်ဖက်ရည်၊ ကော်ဖီသောက်ရင် ရင်တုန်တာက လက်ဖက်ရည်၊ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်က နှလုံးခုန်တာ မြန်စေပါတယ်။ ဆေးပညာအရ Fight or Flight လို့ ခေါ်ပါတယ်။ လူကို လန်းဆန်းစေပါ တယ်၊ သူငယ်အိမ်ကျယ်စေပါတယ်၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းမြန်စေပါတယ်၊ ဒါကြောင့် အိပ်ချင်ပြေအောင်၊ အိပ်ငိုက်ပြေအောင်ဆိုပြီး လက်ဖက်ရည်၊ ကော်ဖီ သောက်လေ့ရှိကြပါတယ်။ ကဖင်းဓာတ်ကြောင့်ပဲ ရင်တုန်တာ၊ နှလုံးခုန်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူတိုင်း ဖြစ်သလားဆိုတော့ မဖြစ်ပါဘူး။ ကဖင်းဓာတ်ကို တုံ့ပြန်လွယ်တဲ့ သူတွေမှာ ရင်တုန်တာ၊ အိပ်မပျော်တာ၊ မျက်စိကြောင်တာ၊ နှလုံးခုန်မြန်တာတို့ ပိုတွေ့ရတတ်ပါတယ်။ အဲဒီတော့ ညဘက် ကော်ဖီသောက်ပြီး အိပ်ပျော်တဲ့ လူရှိသလို လက်ဖက်ရည်၊ ကော်ဖီကို ညနေခင်းသောက် ပြီး ည အိပ်မပျော်တဲ့လူလည်း ရှိပါတယ်။ အဲဒီအခါကျတော့ ကဖင်းဓာတ်အပေါ်မှာ တုန့်ပြန်မှုလွန်ကဲတဲ့ သူတွေမှာတော့ ရင်တုန်၊ နှလုံးတုန်တာတွေ့ရပါတယ်။ ဒါက ရောဂါအခံရှိလို့ မဟုတ်ပါဘူး။ ဒီတော့ ကဖင်းဓာတ်ကို ကိုယ်နဲ့မတည့်တဲ့အရာလို့ သတ်မှတ်ပြီး ရှောင်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top