Healthy Life Ad
Health Tips

ခေါင်းမူးခြင်း ဝေဒနာအတွက် အိမ်တွင်းကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)
ခေါင်းမူးတာက ယာယီဖြစ်တဲ့ဝေဒနာဆိုရင် ဒါမှမဟုတ် ဆရာဝန်ဆီ သွားမပြနိုင်သေးချိန်မှာ ခေါင်းမူးတဲ့ ဝေဒနာသက်သာသွားဖို့ရာအတွက် အိမ်တွင်းကုထုံးတွေနဲ့ ကုသလို့ ရပါတယ်။

water-bottle-537x402
ရေသောက်ပါ
ခေါင်းမူးရတဲ့ အဓိကအကြောင်းရင်းတစ်ခုက ရေဓာတ်ခမ်းခြောက်လို့ဖြစ်ရတာပါ။ ဒါကြောင့် ခေါင်းမူးပြီဆိုတာနဲ့ အရင်ဆုံးလုပ်သင့်တာက ရေတစ်ဖန်ခွက်သောက်လိုက်ဖို့ပဲဖြစ်ပါတယ်။ နေ့တိုင်း ရေ ၈-၁၂ ခွက်လောက် သောက်ဖို့သတိရပါ။ ဒါပေမဲ့ အခုလိုချွေးထွက်များတဲ့ရာသီမှာ ရေကိုပိုသောက်ဖို့လိုအပ်ပါတယ်။

imbir3-e1453930289375
ချင်းစားပါ
ချင်း(ဂျင်း)က ခေါင်းမူးတာ၊ မူးဝေတာကိုသက်သာစေပါတယ်။ အဆီများတဲ့အစာ စားပြီးချိန်မှာ အစာမကြေဝေဒနာဖြစ်တတ်တဲ့အတွက် ချင်း(ဂျင်း)ကိုစားပေးသင့်ပါတယ်။ ချင်းလက်ဖက်ရည်တစ်ခွက် သောက်တာကြောင့် ခေါင်းမူးတာကိုသက်သာစေပါတယ်။ ချင်းလက်ဖက်ရည်အတွက် အချိန်မရရင် ချင်း(ဂျင်း)အနည်းငယ်ကို ဝါးစားလိုက်ပါ။

Benefits-of-Peppermint-Hero
ပူစီနံဆီလိမ်းပါ
နဖူးနဲ့ နားထင်မှာ ပူစီနံဆီ အနည်းငယ်သုတ်လိမ်းပြီး နှိပ်နယ်ပေးပါ။ ဒါဆိုရင် အပန်းပြေပြီး ခေါင်းမူးတဲ့ ဝေဒနာချက်ချင်းသက်သာသွားပါလိမ့်မယ်။

vinegar_honey
ပျားရည်နှင့် ရှာလကာရည်သောက်ပါ
သွေးပေါင်ကျတာက မူးဝေတာကြောင့် ဖြစ်တတ်တဲ့ အကြောင်းရင်းတစ်ရပ်ပါ။ သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းနိုင်ဖို့ ပျားရည်နဲ့ ရှာလကာရည် ထည့်ထားတဲ့ ရေတစ်ဖန်ခွက်ကို သောက်ရပါမယ်။ လုပ်ရမယ့်နည်းက ကြက်သီးနွေးရေ ဒါမှမဟုတ် ရေအေးတစ်ဖန်ခွက်ထဲမှာပျားရည်နဲ့ ရှာလကာရည်လက်ဖက်စားဇွန်း တစ်ဇွန်းစီထည့်ပြီး မွှေပေးရမှာပါ။

Lemon-Juice-1920x1200
သံပရာရည်သောက်ပါ
သံပရာရည်သောက်တာကြောင့် ခေါင်းမူးတာ သက်သာသွားနိုင်ပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ် လျော့ကျပြီး ခေါင်းမူးတဲ့ ဝေဒနာခံစားနေရရင် သကြားနည်းနည်းထည့်ထားတဲ့ သံပရာရည်သောက်ပါ။

Garlic2
ကြက်သွန်ဖြူ ထည့်စားပါ
အအေးမိတာ၊ တုပ်ကွေးဖျားတာ၊ ကူးစက်ပိုးဝင်တာ၊ ဓာတ်မတည့်တာ စတဲ့ ဝေဒနာတွေအတွက် သာမက မူးဝေတဲ့အခါမှာလည်း ကြက်သွန်ဖြူထည့်စားပေးသင့်ပါတယ်။ ကြက်သွန်ဖြူကို ပိုးသတ်အာနိသင်ရှိတယ်လို့ သိရတဲ့အတွက် ဓာတ်မတည့်မှုနဲ့ ကူးစက်ပိုးဝင်တာတွေကို သက်သာစေပါတယ်။ ဟင်းလျာထဲ ကြက်သွန်ဖြူများများ ထည့်စားတာကြောင့် ခေါင်းမူးတဲ့ ဝေဒနာကို ပျောက်ကင်းစေပါတယ်။

home-sub
အနှိပ်ခံပါ
ဦးနှောက်ထဲ သွေးလှည့်ပတ်မှု မကောင်းတာကြောင့် ခေါင်းမူးနေရင် နှိပ်တာက ထိရောက်ပါတယ်။ အနှိပ်ခံလိုက်တဲ့အခါ စိတ်အပန်းပြေတည်ငြိမ်သွားတဲ့အတွက် ဦးနှောက်ထဲမှာ သွေးလှည့်ပတ်မှု ကောင်းပြီး အောက်ဆီဂျင် ပိုမိုရောက်ရှိသွားတတ်ပါတယ်။ ပိုကောင်းတဲ့ အာနိသင်ရရှိစေဖို့ လာဗန်ဒါဆီလိမ်းပြီး အနှိပ်ခံလိုက်ပါ။

How-to-stimulate-this-point
ရေခဲကပ်ပါ
စိတ်ဖိစီးမှုကြောင့် မူးဝေတဲ့ ဝေဒနာနဲ့ ခေါင်းမူးတာတို့ ဖြစ်တတ်တဲ့အတွက် အနားယူပြီး လှဲလျောင်းလိုက်ပါ။ လည်ကုပ်ပေါ်မှာ ရေခဲကပ်ပေးတဲ့အတွက် စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ ဒါပေမဲ့ နေပူထဲက ပြန်လာချိန်မှာမလုပ်သင့်ပါဘူး။
(Ref;HD)

Most Popular

Healthy Life Ad
To Top